Author's Profile Photo

Me_In_a_Nutshell

14/06/2024

တေးသီငှက် နှင့် နှင်းဆီနီ (၂) (ဘာသာပြန်)

1 min read
Poetry
Art
18 Again
တေးသီငှက် နှင့် နှင်းဆီနီ (၂)
(ဘာသာပြန်)'s photo

"နှင်းဆီပန်းအနီလေး တစ်ပွင့်လောက်ပေးပါ" တေးသီငှက်လေးဟာ ငိုပြီးပြောပါတယ်။ "ငါမင်းကို ငါ့ရဲ့အသာယာဆုံးသီချင်းကို ဆိုပြပါ့မယ်"

ဒါပေမယ့် နှင်းဆီပင်က ခေါင်းခါလိုက်ပါတယ်။

"ငါ့ရဲ့ နှင်းဆီတွေက အဖြူရောင်တွေ" သူကပြန်ဖြေပါတယ်။ "ဒါပေမယ့် နေနာရီအဟောင်းကြီးနားမှာနေတဲ့ ငါ့ရဲ့အစ်ကိုဆီကိုသွားကြည့်ပါ။ သူကတော့မင်းလိုချင်တာကို ပေးနိုင်ကောင်းပေးနိုင်လိမ့်မယ်"

ဒါနဲ့ပဲ တေးသီငှက်ကလေးဟာ နေနာရီဟောင်းကြီး အနားမှာရှိတဲ့ နှင်းဆီပင်ဆီကို ပျံသန်းလာပါတော့တယ်။

"နှင်းဆီပန်းအနီလေး တစ်ပွင့်လောက်ပေးပါ" တေးသီငှက်လေးဟာ ငိုပြီးပြောပါတယ်။ "ငါမင်းကို ငါ့ရဲ့အသာယာဆုံးသီချင်းကို ဆိုပြပါ့မယ်"

ဒါပေမယ့် နှင်းဆီပင်က ခေါင်းခါလိုက်ပါတယ်။

"ငါ့ရဲ့ နှင်းဆီတွေက အဝါရောင်ပါ" သူကပြန်ဖြေပါတယ်။ "ရေသူမလေးတွေရဲ့ ဆံနွယ်တွေလို အဝါရောင်သန်းနေတာပါ။ ဒါပေမယ့် ကျောင်းသားလေးရဲ့ ပြတင်းပေါက်အောက်မှာနေတဲ့ ငါ့ရဲ့ အစ်ကို ဆီကိုသွားကြည့်ပါ။ သူကတော့ မင်းလိုချင်တာကိုပေးနိုင်ကောင်းပါရဲ့ "

ဒါနဲ့ပဲ တေးသီငှက်ကလေးဟာ ကျောင်းသားလေးရဲ့ ပြတင်းပေါက်အောက်မှာ ရှိတဲ့ နှင်းဆီပင်ဆီကို ပျံသန်းလာပါတော့တယ်။

"နှင်းဆီပန်းအနီ လေးတစ်ပွင့်လောက်ပေးပါ" တေးသီငှက်လေးဟာ ငိုပြီးပြောပါတယ်။ "ငါမင်းကို ငါ့ရဲ့အသာယာဆုံးသီချင်းကို ဆိုပြပါ့မယ်"

ဒါပေမယ့် ဒီတစ်ခါလည်း နှင်းဆီပင်က ခေါင်းခါလိုက်ပါတယ်။

"ငါ့ရဲ့ နှင်းဆီပန်းတွေက အနီရောင်ပါ" သူကပြန်ဖြေပါတယ်။ "ချိုးငှက်ကလေးတွေရဲ့ ခြေထောက်‌လိုမျိုး နီရဲနေပြီး သမုဒ္ဒရာထဲက ခမ်းနားလှတဲ့ သန္တာကျောက်တန်းတွေထက်ကို ပိုပြီး နီရဲနေပါသေးတယ်။ ဒါပေမယ့် အေးချမ်းလှတဲ့ ဆောင်းရာသီက ငါ့ရဲ့သွေးကြောတွေကို အေးခဲစေပြီး ဆီးနှင်းတွေက ငါ့ရဲ့အဖူးအငုံတွေကို ပျက်စီးစေတယ်။ ပြီးတော့ မုန်တိုင်းကလည်း ငါ့ရဲ့အကိုင်းအခက်တွေကို ချိုးပစ်လိုက်တာကြောင့် ဒီတစ်နှစ်လုံးတော့ နှင်းဆီပန်းတွေမပွင့်နိုင်တော့ပါဘူး"

"ငါလိုချင်တာ နှင်းဆီပန်းအနီလေးတစ်ပွင့်တည်းပါ" ငှက်ကလေးက ငိုယိုပြီးပြောရှာပါတယ်။ "နှင်းဆီနီလေးတစ်ပွင့်ကို ရနိုင်မယ့် နည်းလမ်းများမရှိတော့ဘူးလား"

"နည်းလမ်းတစ်ခုတော့ရှိပါသေးတယ်" နှင်းဆီပင်ကပြောပါတယ်။ "ဒါပေမယ့် ဒီနည်းလမ်းကဆိုးရွားလွန်းတာကြောင့် ငါမင်းကို မပြောပြရဲပါဘူး"

"ပြောပြစမ်းပါ " ငှက်ကလေးကပြောပါတယ်။ "ငါမကြောက်ပါဘူး"

"မင်းသာနှင်းဆီအနီ ကို တကယ်လိုချင်တာဆိုရင်" နှင်းဆီပင်ကပြောပါတယ်။ " မင်းကိုယ်တိုင် လရောင် နဲ့ တေးဂီတကိုသုံးပြီး ပန်းပွင့်ကိုဖန်တီးရမယ်။ ပြီးရင် မင်းရဲ့ နှလုံးသွေးကိုသုံးပြီး ဆေးခြယ်ရမယ်။ မင်းရဲ့ ရင်ဘတ်ပေါ်မှာ နှင်းဆီဆူးကို တေ့ထားရမယ်။ တစ်ညလုံးငါ့ကို သီချင်းဆိုပြပြီး နှင်းဆီဆူးကလည်း မင်းရဲ့နှလုံးသားကို ထိုးဖောက်သွားလိမ့်မယ်။ ပြီးတော့ မင်းရဲ့ နှလုံးသွေးတွေကလည်း ငါ့ရဲ့သွေးကြောထဲကို စီးဝင်ပြီး ငါ့ရဲ့ကိုယ်ပိုင်သွေးတွေဖြစ်လာလိမ့်မယ်"

Keep Reading

"ခြေလှမ်းတိုင်းရဲ့ ပဲ့ကိုင်ရှင်ဖေဖေ"ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့