Author's Profile Photo

SarPhat Author

23/08/2023

ရနံတွေဆက်နွယ်နေသောအတိတ်

1 min read
Poetry
ရနံတွေဆက်နွယ်နေသောအတိတ်'s photo
ရနံ့တွေက မှတ်ဥာဏ်လိုပဲ
အတိတ်ကရနံ့တွေပြန်ရရင် အတိတ်ကိုပြန်ရောက်သွားတတ်တယ်


ဘာရနံ့ကိုအကြိုက်ဆုံးလဲဆိုရင်တော့
သဘာဝကရနေတဲ့ရနံ့တွေကိုပေါ့

ငယ်ငယ်က ဖေဖေ့siteထဲလိုက်လည်ရင်း
ဆော့နေကျဆိုတော့သစ်ပင်တွေကိုတိုးမိရင်
လက်နဲ့ခူးလိုက်မိရင်ထွက်လာတဲ့
ဘာမှန်းမသိတဲ့ စိမ်းရွှေရွှေအနံ့ကိုချစ်တယ်။

ပြည်တော်သာက ဧကရစ်ပင်ကြီးကပန်းပွင့်ချိန်ဆို လေတိုက်ရင်မွှေးနေတဲ့အနံ့ကိုကြိုက်တယ်
ရာသီအလိုက် ပန်းရနံ့တွေ မွှေးမြနေတတ်တဲ့
ကိုယ်တို့အိမ်ဝိုင်းရဲ့ အငွေ့အသက်အနံ့။

ကျောင်းဖွင့်စမှာရတတ်တဲ့
ပုံနှိပ်စာအုပ်အသစ်တွေကအနံ့
ခုထိ ဝထ္ထုစာအုပ်အသစ်ဆို နမ်းရှိုက်ကြည့်မိတယ်
ငယ်ဘဝကို ဆွတ်ပျံ့စေတဲ့ရနံ့။

မြစ်ရေတက်ချိန်ဆို
ကမ်းနားဘက်မှာ ထိုင်နေရင်ရတတ်တဲ့
ရေနံ့ နှုန်းနံ့ကိုလည်းသဘောကျတယ်
ရာသီနဲ့အတူပြောင်းသွားတဲ့ ရနံ့တွေ
ဥပမာ တမာရနံ့ သရက်ဖူးနံ့ ဆောင်းတွင်းဆို မီးခိုးနံ့။

နောက်ပြီးတော့ ဘာရနံ့မှမရှိတာတွေကိုလဲ
နှစ်သက်မိနေပြန်ရော
တောပန်းလေးတွေ လှလို့မွှေးကြည့်ရင်
ဘာမွှေးရနံ့မှမရှိဘူး
ဒီအတိုင်းပဲ လတ်ဆတ်တဲ့ရနံ့ ဒါပေမယ့် ချစ်တယ်။

မြို့ပြအငွေ့အသက်တွေကလဲ
တစ်မျိုးဆွဲဆောင်နေတာပါဘဲ
scentedcandle ရနံ့
coffee နှပ်ထားတဲ့အနံ့
beautysaloon အနံ့ cocktailအနံ့။

တစ်ချိန်ချိန် မျက်စေ့မှိတ်ပြီး ပင့်သက်ရှုကြည့်ရင်
အတိတ်ကိုပြန်တမ်းတမိစေမယ့်ရနံ့တွေ

Keep Reading

မျှော်လင့်ချက်နန်းကျဘုရင်မေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းအကြည်ဓာတ်နေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူဘဲမေမေကြီးနဲ့ ဥလေးများလက်တွေ့(action)ချစ်ခြင်းသည်ကား ချိုမြိန်ခြင်းပေလား