Author's Profile Photo

SarPhat Author

21/08/2023

အတိတ်ဘဝမှာဆုံခဲ့ဘူးသလား

2 mins read
Poetry
အတိတ်ဘဝမှာဆုံခဲ့ဘူးသလား's photo

ဒီနေ့ ခင်ခင်ထား တက္ကသိုလ်စတက်တဲ့
ပထမဆုံးနေ့ပေမယ့်
စိတ်လှုပ်ရှားမနေဘူး၊ ပုံမှန်အတိုင်းဘဲ
အသိမိတ်ဆွေသိပ်မဖွဲ့ဘဲ စာကို အာရုံစိုက်မယ်၊
ခေတ်မှီသပ်ရပ်ပြီး ငေးနေရလောက်အောင်လှတဲ့
ရောင်စုံမြန်မာဝတ်စုံလေးတွေဝတ်ပြီး ကျောင်းတက်မယ်၊
ဒါ ခင်ခင်ထားရဲ့ကမ္ဘာပါဘဲ ရိုးရှင်းပါတယ်။

နားလည်ရခက်တဲ့ သူ၊ ကျက်သရေရှိရှိ လှပလွန်းတဲ့သူ၊ ရက်စက်စိမ်းကားတတ်တဲ့သူ၊ ယောက်ျားတွေအသည်းကို ခွဲတဲ့သူ၊


"အဲ့ဒီ မှတ်ချက်တွေအကုန်လုံးက ခင်ထားကိုပဲ ရည်ညွှန်းနေတာ။ အခု တွေးနေမိတာ ခင်ထားက ဘယ်လိုလူမျိုးလဲ??
ဘာလို့ အခုလို အေးစက်စက်နဲ့ အစွန်းရောက်နေတဲသူလို့ထင်နေကြတာလဲ??"

ခင်ထားမှာ ဘယ်သူမှမသိတဲ့ လျို့ဝှက်ချက်တစ်ခု ရှိတယ်၊
ခင်ထား ၃ နှစ်အရွယ်တုန်းက ကိုယ့်ဘာကိုယ် "ခင်ထားကလေ" လို့ နမ်စားသုံးလို့ နာမည်ကို ခင်ခင်ထားလို့မှည့်လိုက်ရတယ်၊ အသစ်ပြန်ပုံနှိပ်တဲ့ အရင်ကဝတ္ထုစာအုပ်တွေကိုပဲ ဖတ်လေ့ရှိတယ်၊ ရေဒီယိုသီချင်းဟောင်းတွေကိုပဲ နှစ်သက်တယ်၊
အရွယ်ရောက်လာတော့ မြန်မာရင်ဖုံးအကျီ ကိုပဲ
ဝတ်ချင်တယ်၊ လူတွေအသိမခံချင်တဲ့ ခင်ထားရဲ့
သီးသန့်အကြောင်းအရာတွေ၊
ကိုယ့်အတွေးနဲ့ကိုယ် ဆွေးသလို ငေးသလိုနေလေ့ရှိတာကတော့ ငယ်ကတည်းကအကျင့်ဖြစ်နေပြီ။

ခင်ထားကို ချစ်ခွင့်ပန်တဲ့လူရှိလာတိုင်း စိတ်ထဲမှာ ရည်ရွယ်သူရှိပြီးသားလို ချက်ချင်းပဲငြင်းမိတယ်၊
"စဥ်းစားပါဦး ခင်ခင်ထားရယ်" တဲ့
"ဟင့်အင်း ခင်ထား မချစ်နိုင်ပါဘူး"
ဒါခင်ခင်ထားရဲ့မူပိုင်အငြင်းစကား၊

ခင်ခင်ထားကရိုးရိုးရှင်းရှင်းနေထိုင်တယ်
အဖြောင့်အတိုင်းတွေးလေ့ရှိတယ်။
ခင်ခင်ထားရဲ့ရှေးဆန်တဲ့ ဝတ်စားဆင်ယဥ်ပုံကသက်တူရွယ်တူ မိန်းမပျိုတွေနဲ့ မတူကွဲထွက်နေတယ်၊
အထူးသဖြင့်ကတော့ ယောက်ကျားလေးတွေနဲ့ လုံးဝ
မပတ်သက်ဘူး။ သွေးအေးလွန်းတယ်လို့
လူတွေကထင်ကြတယ်။

"ခင်ထား လူတွေဆီက attention လည်းမရချင်ဘူး၊ friendship လို့ခေါင်းစဥ်တတ်ပြီး ချဥ်းကပ်ကြတာတွေကိုလည်း ခင်ထားစိတ်ကုန်တယ်၊"

အတန်းထဲခင်ခင်ထားဝင်လိုက်တော့ Fresher ကျောင်းသူတွေအကုန်လုံးလိုလို လှပစွာပြင်ဆင်ဝတ်စားထားကြတယ်၊
မြန်မာရင်ဖုံးလည်ထောင်အဝါနု
ရခိုင်ချိတ် အဖြူပေါ်မှာအဝါဖျော့ ဝတ်ဆင်ထားတဲ့
ခင်ခင်ထား ကို လူတိုင်းက တအံ့တသြ ကြည့်နေကြတယ်၊ တခြားကမ္ဘာကလူတစ်ယောက်ကို စူးစမ်းသလို စိုက်ကြည့်နေကြတာကို လျစ်လျုရှုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု့အပြည့်နဲ့ အတန်းထဲကို ဝင်သွားလိုက်တယ်။

အတန်းသွားရာလမ်းတလျောက်မှာ ယောက်ျားလေးတွေနဲ့မနီးမဝေးမှာ ရယ်ကာမောကာဟန်လုပ်နေကြတဲ့ မိန်းကလေးတချို့ကို တွေ့ရတယ်၊ ခင်ထားကအဲလိုမျိုးကို စိတ်အနှောက်အယှက်အဖြစ်ဆုံးပဲ၊ သူတို့ကိုရှောင်ကွင်းသွားလိုက်ပြီး အတန်းထောင့်မှာ ထိုင်နေတဲ့ကောင်မလေးနားသွားထိုင်ရမလား တွေးပြီးမှ .....
အလယ်တန်း ပထမခုံတန်းမှာဝင်ထိုင်လိုက်တယ်၊
အတန်းထဲမှာ ကျောင်းသား/သူ ၇၀ လောက်ရှိတယ်၊
ဆရာ/ဆရာမတွေ၊ဘာသာရပ်တွေ နဲ့ မိတ်ဆက်ပေးပြီး
ပထမနေ့ကပြီးဆုံးသွားခဲ့တယ်၊

အတန်းပြီးသွားတော့ ကျောင်းရှေ့မှာဘဲ
Busစောင့်စီးရတယ်၊ ကားပေါ်ရောက်တော့
အတန်းကြီးကျောင်းသားတစ်ယောက်က

"ဟေး ခင်ခင်ထား ဒီကိုလာလေ"

ခင်ထားသူ့ကို မကြားချင်ယောင်ဆောင်ပြီး
တွေ့နဲ့နေရာလွတ်မှာဝင်ထိုင်လိုက်တယ်၊
အဲ့ဒီကျောင်းသားက သူ့အဖော်နဲ့အတူ လျောက်လာပြီး

"ခင်ခင်ထား ကိုယ်လှမ်းခေါ်တာ မကြားဘူးလား"

ဒေါသထွက်သွားပြီ သူ့မျက်လုံးကိုတည့်တည့်စိုက်ကြည့်ရင်းမေးလိုက်တယ်..

" ကျမ ရှင့် ကို သိလို့လား"
"မသိပါဘူး"
"ဒါဆို ကျမနားကထွက်သွား"

ကားပေါ်က လူတွေအကုန်လုံး ခင်ထားတို့ကိုကြည့်နေကြတယ်၊

"ကိုယ်ကမင်းရဲ့ senior လေ ဘာလို့ အဲ့လိုပြောရတာလဲ"

"ပြောတော့ ဘာဖြစ်လဲ? ရှင်ကသူစိမ်းလေ ကျမကျောင်းကိုလာတာ စာသင်ဖို့လာတာ"

"တစ်ကယ်လို ရှင်မကျေနပ်ဘူးဆိုရင် ပါမောက္ခဆီသွားမေးကြမယ်လေ ဘာအတွက်ကျောင်းကို လာရတာလဲဆိုတာကို"

သူမကျေမနပ်နဲ့ ထွက်သွားတယ်၊
ကိုယ့်နေရာမှာပဲ ဆက်ထိုင်နေတုန်း အတန်းထဲကကျောင်းသူနှစ်ယောက်က လာမိတ်ဆက်ကြတယ်၊
ဖြူအေးထွေး နဲ့မြသီတာ တဲ့

" ခင်ထားသူတို့ကိုပြန်ပြောလိုက်တာအရမ်းကောင်းတယ်၊ သတ္တိကောင်းလိုက်တာ၊ ကိုယ်တို့တော့ သူတို့အဖွဲ့ တွေကိုလန့်နေကြတာ"

အပြန်တဲ့လမ်းမှာ ခင်ထားဘာသာစဥ်းစားနေမိတယ်၊ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်
ခင်ထားလိုပွင့်ပွင့်လင်းလင်း ယုံကြည်မှု့အပြည့်ရှိတဲသူ တစ်ယောက်လောက်တွေ့ချင်တယ်၊ ခင်ထားအတွက် အထင်ကြီးစရာလူတစ်ယောက်လောက်ပေါ့ ဒါပေမယ့် ငယ်ကတည်းက ခုချိန်ထိ လွမ်းမိုးနိုင်သူ ဘယ်သူမှမရှိခဲ့ဘူး။

တက္ကသိုလ် သစ်လွင်တွေထဲမှာ ခင်ခင်ထား ဆိုတာက
လှပလွန်းသလို နားလည်ရလည်းခက်တယ် လို့
ကျော်ကြားလူသိများတယ်၊
တစ်လလောက်အတွင်းမှာဘဲ တက္ကသိုလ်မှာခင်ခင်ထားရဲ့ အလှနဲ့ မာနအကြောင်းကို ကျောင်းသားတွေ
အာရုံစိုက်လာမိကြတယ်၊
ခင်ခင်ထားကိုမေတ္တာစစ်နဲ့ ချစ်တဲ့သူတွေ ဒုနဲ့ဒေးရှိနေတယ်၊ အတန်းထဲကရော အတန်းကြီးသမားတွေရော
ခင်ခင်ထားမေတ္တာကိုရဖို့ ကြိုးစာကြတယ်၊

နက်မှောင်နေတဲ့ ဆံနွယ်အလိပ်အခွေတွေ
မျက်တောင်ထူစိပ်စိပ်တွေဝန်းရံထားတဲ့
မျက်လုံးအနက်တောက်တောက်တွေနဲ့
နီစွေးတဲနှုတ်ခမ်းလှလှနဲ့ ခင်ခင်ထားကို
ယောက်ျားလေးတွေက "ခင်ခင်စိမ်းကား" လို့ခေါ်ကြတယ်။


ခင်ခင်ထားကတော့အကုန်လုံးကိုလျစ်လျု့ရှုပြီး
ပထမနှစ်မှာ Roll one ရဖို့ကြိုးစားရမယ် လို့ ဆုံးဖြတ်ထားတယ်။ ။

ဆက်ရန်

ဆက်ရန်

Keep Reading

"ခြေလှမ်းတိုင်းရဲ့ ပဲ့ကိုင်ရှင်ဖေဖေ"ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့