Author's Profile Photo

SarPhat Author

29/05/2024

မနက်ဖြန်

1 min read
မနက်ဖြန်'s photo

ကျွန်တော် အရမ်းကြိုက်‌တဲ့ စကားလုံး
နေသလိုဖြစ်တဲ့ ဘဝမှာ ဖြစ်သလို မနေပါနဲ့တဲ့
ဘဝမှာစိတ်ဆင်းရဲစရာတွေ ဒုက္ခတွေ သောက တွေ ကြုံလာရတဲ့ အခါ လူတော်တော် များများ ဘဝကိုရေစုန်‌ေမျှာလိုက်ကြတယ် ကြိုးစားနေပေမဲ့ အရာမထင်တဲ့အရာတွေရှိလာတဲ့ အခါဘဝကိုအရှုံးပေးလွယ်ကြတယ်
ဒါပေမဲ့ ဒီအရာတွေက အခိုက်အတန့်တစ်ခုရောက်လာတဲ့အခါ ဘာမှမဟုတ်မှန်း တဖြည်းဖြည်းနဲ့ သိလာရတာပဲ
ကျွန်တော် ကိုယ်တိုင်ကလဲ ဘဝကိုအရှုံးပေးဖို့ အထိတွေးဖူးတယ် suicide လုပ်ချင်တဲ့အထိပါဖြစ်ဖူးတယ်
ဒါပေမဲ့ ကျွန်တော့်မှာ ချစ်ရတဲ့မိသားစုရှိသေးတယ် မိတ်ဆွေ အပေါင်းသင်းတွေရှိသေးတယ် အနည်းဆုံးတော့ ကျွန်တော့်ကူညီရမဲ့လူတွေရှိသေးတယ်
ကျွန်တော် သာဖြစ်သလို ဘဝကိုရေစုန်မျှောလိုက်ရင် ကျွန်တော့ ဘဝကဒီမှာတင်ပြီးသွားမှာ ....
လောကဒဏ်ကြီး က ကျွန်တော်တို့ ခံနိုင်တဲ့အတိုင်းအတာထိပဲ ထိုးနှိုက်တာပါ

  • နည်းနည်းလေး အားတင်းထားရင်မနက်ဖြန်ဆိုတဲ့ ရောင်နီဦးအသစ်ကိုမြင်ရမှာပါ
  • ကျွန်တော်တို့ခရီးတွေအများကြီးထွက်ပြီး အသစ်အသစ်တွေလေ့လာရအုံးမယ်

#Awi

Keep Reading