SarPhat Author
ခြ ဆိုတာ အကောင်သေးသေးလေးပါ
ဒါပေမယ့် ဖျက်စီးတဲ့နေရာမှာတော့ ဆရာကြီး
လူတိုင်းက ခြ ဆိုတဲ့ သတ္တဝါကို နှစ်သက်ကြမှာ မဟုတ်ပါဘူး။ ခြဟာ လူတွေကို ဘယ်နည်းနဲ့မှ အကျိုးမပြုတာကြောင့် လူတွေမုန်းတီးကြခြင်းဖြစ်တယ်။ ဟိုးအပေါ်ဆုံးမှာ ရှိတဲ့အရာတွေကိုတောင် ဟိုးအောက်ထိ ပြုတ်ကျလာအောင် လုပ်နိုင်စွမ်းရှိတယ်။
ခြလိုမျိုး နည်းတူတဲ့ လူတွေလည်း ရှိကြတယ်။ တွေ့ဆုံဖူးကြလား စာဖတ်သူတို့ မတွေ့ဆုံသေးရင်တော့ သင်အရမ်းကံကောင်းနေပါသေးတယ်။ အဲ့လိုလူတွေကြောင့် ပျက်စီးယိုယွင်းသွားတဲ့ ဘဝတွေအများကြီး တစ်ချို့ဆိုရင် အသက်တွေတောင်ဆုံးရှုံးကြတယ်။
စာဖတ်သူတို့လည်း အများကို အကျိုးပြုတဲ့ သူသာဖြစ်ပါစေ။ ခြလို လူမျိုးမဖြစ်အောင် နေထိုင်ကျင့်ကြံပါ။ ခြလိုလူတွေနဲ့လည်း ဝေးဝေးနေပါ။
Keep Reading