Author's Profile Photo

Thatoe

23/05/2024

ရင်ထဲကတေးသွား ( Fight Song )

1 min read
Poetry
Art
ရင်ထဲကတေးသွား
( Fight Song )'s photo

လှေနှင်ရာလွင့်နေသလို၊ ရေစီးရာရွေ့နေသလို၊
ကမ်းမြင်ရာသွားနေရသလိုပဲ။
လှေငယ်လေးတစ်စင်းနဲ့သိပ်ကိုတူတာပဲနော်။

ပင်လယ်ကြီးကလည်းရက်စက်လိုက်တာဗျာ။
ကျွန်တော့်လိုအကောင်သေးသေးလေးအတွက်ကိုတောင်မှလေ အထပ်မြင့်တိုက်တွေလောက်ကြီးတဲ့
လှိုင်းလုံးကြီးတွေပေးရက်တယ်။
အရှ်ိန်တွေပြင်းလွန်းလို့ ကျွန်တော်အရမ်းကိုလူးခါနေပြီဗျာ။

ကျွန်တော့်အတွက်လေ
တကယ်ကိုမှ တကယ့်ကို
စကားလေးတစ်ခွန်းပဲလိုအပ်တာပါ။
တကယ့်ကိုစကားလေးတစ်ခွန်းပါ။

အားပေးစကားသံလေးကိုမျှော်လင့်နေမိတယ်။

ဒီမီးစာလေးရရင်တောင်မှကျွန်တော်အရှိန်အဟုန်နဲ့ပေါက်ကွဲလောင်ကျွမ်းပစ်လို့ရနေပြီလေဗျာ။

ကျွန်တော်မြိုသိပ်ခဲ့ရတယ်။
ရင်ထဲမှာ ဗလောင်ဆူနေပါစေ၊ မွန်းကြပ်နေပါစေ၊ သိမ်ငယ်နေပါစေ မြိုသိပ်ခဲ့ရတယ်။

နာကျင်ရတယ်

ကျွန်တော်လေ အားလုံးကြားအောင်အသံကုန်အော်ဆိုပစ်လိုက်ချင်တယ်။ မကြားခဲ့တဲ့နားတွေ မဟုတ်ဘူး..
မကြားချင်ယောင်ဆောင်ခဲ့တဲ့နားတွေကြားသွားအောင်လေ။ ခင်ဗျားတို့ ဒီတစ်ခေါက်တော့ကြားမှာပါ။

ဘာလို့လဲဆိုရင်...

ဒီတစ်ခေါက်‌က ကျွန်တော့်ရဲ့ ၀မ်းနည်းခဲ့ရတာတွေအတွက် ပြန်တိုက်ယူမယ့် တေးသွားကိုဆိုမှာ။

ကျွန်တော့်ရဲ့ ဘ၀ကိုပြန်တိုက်ယူမယ့် တေးသွားကိုကျွန်တော်ဆိုမယ်။

ကျွန်တော်သေလောက်အောင်နာကျင်နေရလည်း
ဘာမှမဖြစ်ဘူးဆိုတဲ့ အခြေအနေကို သက်သေပြမယ့်တေးသွားကို ကျွန်တော်ဆိုမယ်။

ကျွန်တော့်ခွန်အားတွေအကုန်ဒီမှာသုံးမယ်။
အခုအချိန်ကစပြီး အမြဲသန်မာနေစေရမယ်။
ကျွန်တော့်ဘ၀အတွက်
တိုက်ယူမယ့်တေးသွားကိုဆိုမယ်။

အဲ့ဒီအချိန်မှာလေ ခင်ဗျားတို့တစ်ယောက်ချင်းဆီတိုင်းကိုဂရုလည်းမစိုက်ဘူး။

ကျွန်တော့်ကိုမယုံကြည်ရင်လည်း ဂရုမစိုက်ဘူး။

ဘာကြောင့်လဲဆိုရင်...

ကျွန်တော့်ခွန်အားက ခင်ဗျားတို့ကြောင့်နဲ့တော့
မပျက်သုန်းသွားနိုင်ဘူးလေ။

#သတိုး
#Thatoe
#ရင်ထဲကတေးသွား
#Fight song

Keep Reading

အထီးကျန်ကျောင်းတော်ကြီးနန်းကျဘုရင်စက်ဆုပ်ခြင်း နိယာမအဆင်ပြေသွားမှာပါဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူ