Author's Profile Photo

AJ

21/05/2024

ဘာတွေကြောင့်သက်ငယ်မုဒိမ်းမှုဖြစ်တာလဲ/သက်ငယ်မုဒိမ်းမှုမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ

1 min read
Life Style
Education
ဘာတွေကြောင့်သက်ငယ်မုဒိမ်းမှုဖြစ်တာလဲ/သက်ငယ်မုဒိမ်းမှုမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ's photo


ကလေးငယ်လေးတွေဟာပန်းကလေးတွေလိုပါဘဲ အပြစ်ကင်းစွာနဲ့လူ့လောကထဲရောက်ရှိလာပေမဲ့ လူယုတ်မာတွေကြောင့်သူတို့ဘဝလေးတွေပျက်စီးကြရပါတယ်။

နိုင်ငံတစ်နိုင်ငံမှာသက်ငယ်မုဒိမ်းဖြစ်ရခြင်းမှာ နိုင်ငံပညာရေးနိမ့်ကျနေမှု ၊တရားဥပဒေစိုးမိုးမှုမရှိခြင်း၊လိင်ပညာအသိပေးမရှိခြင်းတို့ကသက်ငယ်မုဒိမ်းမှုတွေဖြစ်ပွါးစေပါတယ်။ကျွန်တော့်တို့မြန်မာနိုင်ငံမှာဖြစ်လေ့ဖြစ်ထရှိတဲ့သက်ငယ်မုဒိမ်းမှုတွေကတော့မြေးအရင်းကိုအဘ်ိုးအရင်းက၊ ဘေးအိမ်က အဘိုးအရွယ်က ကလေးမလေးကို ၊အဖေနဲ့ပါလာတဲ့ဧည့်သည်ကမုဒိမ်းကျင့်တာ၊ ဦးလေးကတူမကို စတဲ့
ရင်းနှီးတဲ့သူတွေကဘဲမုဒိမ်းမှုတွေကိုကျူးလွန်တာများကြပါတယ်။ ကျူးလွန်ခံရတဲ့အမျိုးသမီးများဆိုရင်လည်းအသက် ကြီး ငယ် မရွေးအပြင် မသန်စွမ်းသူများ စိတ်ဝေဒနာရှင်အမျိုးသမီးများလည်း မုဒိမ်းမှုကျူးလွန်ခြင်းကိုခံရနိုင်ပါတယ် ။

ကျွန်တော့်တို့နိုင်ငံမှာတော့များသောအားဖြင့်သက်ကြီးပိုင်းအရွယ်အမျိုးသားအများစုက လူငယ် လူလတ်ပိုင်းတွေထက် မုဒိမ်းမှုကျုးလွန်တာပိုများကြပါတယ်။ ဘာကြောင့်အသက်ကြီးအမျိုးသားတွေဟာမုဒိမ်းမှုပိုဖြစ်များလဲဆို လူငယ်/လူလတ်ပိုင်းတွေအတွက် အပျော်အပါးတွေပေါများပြီး အသက်ကြီးပိုင်းအမျိုးသားတွေမှာတော့ သူတို့အိမ်ထောင်ဖက်တွေသေဆုံးသွားခြင်း၊ နောက်အိမ်ထောင်ပြုဖို့ကျလည်းပတ်ဝန်းကျင်ရဲ့ ဝေဖန်ခံရခြင်း၊ KTV & မာဆတ်သွားဖို့ကျတော့လည်းဒီအရွယ်ကြီးနဲ့တည်တည်တံတံမနေဘူး အပြောခံရမှာဆိုးတော့မသွားရဲကျဘူး အဲ့တော့သူတို့ရဲ့ပစ်မှတ်ဟာ အနီးရှိအမျိုးသမီးငယ်လေးတွေဆီကိုချဉ်းကပ်ကာ အခွင့်အရေးယူပြီး မုဒိမ်းမှုကျူးလွန်ဖို့စောင့်ကြည့်နေတတ်ကြပါတယ်။ အဲ့လိုပြောလို့ ကိုယ့်အနားကရင်းနှီးတဲ့မိတ်ဆွေတွေအဘိုးအရွယ်တွေကမယုံကြည်ရဘူးလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့မှာယုံကြည်ရတဲ့မိတ်ဆွေအပေါင်းအသင်းတွေ ကူညီဖေးမပေးတတ်တဲ့ပတ်ဝန်းကျင်ရှိနေပါတယ်ဆိုတာကိုလည်းမေ့လိုမရပါဘူး။

နိုင်ငံရဲ့ လိင်ပညာပေးအသိမရှိခြင်း၊ လိင်ပညာပေးအားနည်းတာကလည်း ကလည်း မုဒိမ်းမှုတွေကိုပိုဖြစ်ပွါးစေပါတယ်။မိခင်တွေအနေနဲ့လည်းမိမိရဲ့ကလေးငယ်တွေကို သူတို့သိလောက်တဲ့အရာလေးတွေကနေစတင်ပြီးသင်ကြားပေးဖို့လိုအပ်ပါတယ် ။ ဥပမာ - သမီးရဲ့ လက်၊ခြေထောက်၊ခေါင်းလေးတွေကို ဖေဖေ၊မေမေတို့နဲ့ သူငယ်ချင်းတွေထိလို့ရတယ် သမီးကလည်းသူငယ်ချင်းတွေကို ထိတွေ့လို့ရတယ် သမီးလေးရဲ့ခန္တကိုယ်မှာ ကိုယ်ပိုင်နေရာလေးတွေဖြစ်တဲ့ နှုတ်ခမ်း ၊ ရင်ဘတ် ၊ရူးရူးပေါက်တဲ့နေရာ တွေကိုဘယ်သူမှလာထိလို့မရဘူး သမီးကလည်းသူများကိုထိလို့မရဘူး ၊ဖေဖေ မေမေတို့ကလည်းသန့်ရှင်းရေးလုပ်ပေးတဲ့အချိန်ကလွဲလို့ ထိပိုင်ခွင့်မရှိဘူးစသည်ဖြင့် သမီးငယ်လေးတွေကို ကိုယ်ပိုင်နေရာလေးတွေကို မိမိဘာသာကာကွယ်တတ်အောင်သင်ကြားပေးဖို့နဲ့တစ်ယောက်ယောက်ကလာရောက်ထိပါးရင်လည်း ဖေဖေတို့မေမေတို့ကိုပြန်ပြောပြဖို့သင်ကြားပေးရန်လိုအပ်ပါတယ်။ဒါမှသာကလေးငယ်တွေအပေါ် လိင်အမြတ်ထုတ်မှုနှင့်သက်ငယ်မုဒိမ်းမှုတွေမဖြစ်စေဖို့ကာကွယ်ပြီးသားဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ ကျွန်တော့်တို့နိုင်ငံမှာ မှားယွင်းတဲ့အသိတရားတစ်ခုကတော့အရွယ်မရောက်သေးတဲ့အမျိုးသမီးငယ်လေးတွေကို သူစိမ်းနဲ့ဆိုစိတ်မချဘူး ကိုယ့်နဲ့ရင်းနှီးတဲ့လူ ကိုယ့်ပတ်ဝန်းကျင်ကအသိမိတ်ဆွေတွေနဲ့ဆိုရင်စိတ်ချလက်ချလွှတ်တတ်ကြတယ် ။ ဒါမျိုးကမလုပ်သင့်တဲ့ကြီးမားတဲ့အမှားတွေပါ မုဒိမ်းသမားဆိုတာ ဘယ်လိုစိတ်ထား၊ ဘယ်လိုပုံစံဆိုပြီးမမြင်တွေ့ရပါဘူး ဘယ်လောက်ဘဲစိတ်သဘောထားကောင်းပါစေ ဘယ်လောက်ဘဲ ရင်နှီးပါစေ တစ်ခဏလေးအတွင်းမှာ အချိန်ပိုင်းလေးအတွင်းမှာဘဲ မုဒိမ်းမှုတွေကကျုးလွန်နိုင်ပါတယ်။ဒါကြောင့် မိဘများအနေဖြင့် မိမိရဲ့ပန်းကလေးများကို အမြဲကြည့်ရှုစောင့်ရှောက်ပေးရန်လိုအပ်ပါတယ်။

ဒီဆောင်းပါးလေးဟာ ဥယျာဉ်မှုးနဲ့တူတဲ့မိဘတွေအတွက် အနာဂတ်မှာ မိမိတို့ရဲ့ပန်းကလေးတွေအန္တရာယ်ကင်းပြီး လှပတဲ့ပန်းကလေးပွင့်လန်းနိုင်စေဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဘာလို့ မုန်းကြတာလဲစိတ်ဓာတ်ကျနေတဲ့အခါပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဆင်းရဲသားလေး ဂျက်လန်ဒန်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုးရှောင်တာက ကြောက်ခြင်းမဟုတ်