Author's Profile Photo

Sam Myu Ter

10/05/2024

Words from the lotus flower

1 min read
Poetry
Art
Words from the lotus flower's photo

မြင်တိုင်းငေးကြည့်မိတဲ့ ပန်းလေး ကြာ တဲ့
ရွံ့နွံကြားထဲက ခက်ခက်ခဲခဲရုန်းကန်ပွင့်လာတာ
ဘယ်လောက်လှလေသလဲ...
သန့်ရှင်းစင်ကြယ်ခြင်း မွန်မြတ်လှပခြင်း
ဒုက္ခကျော်လွှားနိုင်ခြင်း မွေးဖွားခြင်း လို့ အဓိပ္ပာယ်ဖွင့်ဆိုကြတယ် သီတင်းကျွတ်လရဲ့ပန်းလေးတစ်ခုပေါ့...

ကြာ တွေကိုဘာကြောင့်ငေး‌‌ကြည့်မိတာလဲ..
တစ်စုံတစ်ယောက်ကို ဘယ်လောက်ကြာကြာငေးကြည့်နိုင်မလဲ သိချင်ရုံ ငေးမောနေရတာကိုကံကောင်းမှုတစ်မျိုး ပိုင်ဆိုင်ခြင်းအတ္တအလျဉ်းမရှိပါပဲ သန့်စင်နေတဲ့ဖြစ်တည်မှုမျိုး သိပ်သဘောကျဖို့ကောင်းလွန်းတယ်...

ဖြတ်သန်းရတဲ့ဘဝက တိုတောင်းပြီး
သံသရာသက်ကတော့ ရှည်ကြာလွန်းတယ် အချစ်ရယ်
မင်းကိုငေးကြည့်ရတဲ့ဘဝကလည်း ဘယ်လောက်ရှည်ကြာဦးမှာလဲ ဒီဘဝအတွက်ပဲလား သံသရာအဆက်ဆက်လား ကြာတွေကိုပဲ ငေးကြည့်နေချင်မိတယ်...

ကြာပန်းလေးက ပြောတယ်ကွယ် ကန်လယ်ပြင်မှာ အလှမ်းဝေးတာမို့ ခူးယူပိုင်ဆိုင်ဖို့ ခက်ခဲမှာပဲတဲ့.....။

ဆမ်မြူတာ(သွန်းဆက်ညို)

Keep Reading

အထီးကျန်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့