Author's Profile Photo

SarPhat Author

29/04/2024

ချစ်ခြင်းမေတ္တာ

1 min read

ကိုယ်က ချစ်ခြင်းမေတ္တာကို လေးစားတန်ဖိုးထားတဲ့သူတစ်ယောက်ပါ
ခိုင်မာမြဲမြံတဲ့ချစ်ခြင်းမေတ္တာမျိုးကိုပိုင်ဆိုင်ချင်တဲ့အတွက် မသိစိတ်ကရော သိစိတ်ကပါ ရှာဖွေနေမိခဲ့တယ်။
တွေ့ပြီလို့ထင်လိုက်ချိန်မှာ ဝေးသွားခဲ့တယ်။
နောက်တစ်ကြိမ် ထပ်မံထိတွေ့မိပြီလို့ထင်လိုက်ချိန်မှာ လွဲသွားခဲ့တယ်။

အကြိမ်ကြိမ်အခါခါလွဲချော်ခဲ့လည်း နှစ်ကာလတွေကြာရှည်တဲ့ ချစ်ခြင်းမေတ္တာမျိုးကိုလိုလားတောင့်တတုန်းပါပဲ။

ဒါပေမယ့်လည်း...
ဒီတစ်ခါ ချစ်ခြင်းမေတ္တာလို့ထင်ရတဲ့အရာကို စမ်းသပ်မိပြီဆိုရင် အလွယ်တကူရယူပိုင်ဆိုင်ချင်စိတ်မရှိတော့ပါဘူး
ဘာကြောင့်လဲဆိုတော့ ...ချစ်ခြင်းမေတ္တာတွေက ကိုယ့်အတွက်တော့ မာန်မာနတွေနဲ့ စိတ်အလိုမကျမှုတွေရောထွေးပြီး ခိုင်မြဲတဲ့အရာတစ်ခုမဟုတ်ခဲ့လို့ပါပဲ။

ချစ်ခြင်းမေတ္တာတွေက စစ်မှန်ခိုင်မာပါတယ်ဆိုတဲ့အကြောင်း မည်သူတစ်ဦးတစ်ယောက်ကမှလည်း သ-က်သေမပြခဲ့ပါဘူး။

#T.Kyi

Keep Reading