ရိန်ဇော်

တိတ်ဆိတ်မှုရဲ့ အသံ
(Sound of silence)
Song by Simon & Garfunkel
အမှောင်ထုရေ
ငါ့ရဲ့ မိတ်ဆွေဟောင်းကြီး
မင်းနဲ့ နောက်ထပ်စကားပြောဖို့ လာခဲ့ပြီ
ဘာလို့လဲဆိုတော့
ငါ အိပ်စက်နေချိန်
ညင်ညင်သာသာတိုးဝင်လာတဲ့
စိတ်ကူးအမြင်တခု
သူ့ရဲ့သစ်စေ့တွေကို ချန်ထားခဲ့တယ်
ထို့နောက် ဒီစိတ်ကူးအမြင်ဟာ
ငါ့ဦးနှောက်ထဲမှာ အပင်ပေါက်လာတယ်
ယခုတိုင်ရှိနေဆဲပဲ
တိတ်ဆိတ်မှုရဲ့ အသံတွေထဲမှာ
ဂနာမငြိမ်တဲ့ အိပ်မက်တွေထဲမှာ
ငါ တယောက်တည်း လမ်းလျှောက်သွားခဲ့
လမ်းခင်းကျောက်တုံးတွေနဲ့ လမ်းကျဉ်းလေးတွေ
လမ်းမီးတိုင်ရဲ့ အလင်းစက်ဝန်းအောက်
အေးစက်မှုနဲ့ စိုထိုင်းမှုကြောင့်
ငါ့ အင်္ကျီကော်လာကို ဖြန့်လိုက်တယ်
နီယွန်မီးဖျတ်ခနဲအလင်းက
ငါ့မျက်လုံးကို ဓါးနဲ့ထိုးသလို တိုးဝင်လာတယ်
ညကို ဖြိုခွဲခဲ့ပေါ့
တိတ်ဆိတ်မှုရဲ့ အသံကို ထိတွေ့သွားတယ်
အဟန့်အတားမဲ့ အလင်းထဲ
လူသောင်းချီ၊ ဒီ့ထက်ပိုချင်ပိုမယ်
ငါ တွေ့လိုက်ရ
စကားသံမထွက်ဘဲ စကားပြောနေတဲ့ လူတွေ
နားမဆင်ဘဲ ကြားနေတဲ့ လူတွေ
မျှဝေခြင်း အလျှင်းမရှိတဲ့ အသံတွေပါတဲ့
သီချင်းတွေကို ရေးနေသူတွေ
ဒါပေမဲ့ ဘယ်သူမှ မဖော်ပြရဲကြဘူး
တိတ်ဆိတ်မှုရဲ့ အသံဟာ နှောင့်ယှက်ခဲ့ခဲ့ရ
"အရူးတွေ၊ မင်းတို့ မသိပါဘူးကွာ" လို့
ငါ(အဲသည့်အသံ)က ပြောမယ်
"ကင်ဆာတခုလို တိတ်ဆိတ်မှုဟာ ကြီးထွားလာတယ်"
"ငါ မင်းတို့ကို သင်ပြချင်တဲ့
ငါ့ရဲ့စကားလုံးတွေကို ကြားယောင်ပါ"
"ငါ ကမ်းလာတဲ့ လက်တွေကို လက်ခံပါ"
"ဒါပမေဲ့ ငါ့အသံဟာ
အသံတိတ်သွားတဲ့ မိုးစက်တွေလို ကျဆင်းခဲ့ရပြီး
တိတ်ဆိတ်ခြင်းရဲ့ တွင်းတွေထဲမှာ ပဲတင်ထပ်ခဲ့ရတယ်"
နောက် လူတွေဟာ
သူတို့ဖန်ဆင်းထားတဲ့ နီယွန်နတ်ဘုရားထံမှာ
ဦးညွှတ်ဆုတောင်းပြုကြ
ပြီးနောက်
သင်္ကေတက
ဖျတ်ခနဲ့ အလင်းပြ သတိပေးတယ်
စကားလုံးအဖြစ်ပေါ်ထွန်းလာတယ်
"တမန်တော်တွေရဲ့ စကားသံတွေဟာ
မြေအောက်ရထားနံရံတွေမှာ ရေးသားထားတယ်
ဆင်းရဲသားရပ်ကွက်အငှားအိမ်တွေမှာ ရေးထားတယ်"
တိတ်ဆိတ်မှုရဲ့ အသံတွေထဲမှာ တီးတိုးပြောနေကြတယ်
ရိန်ဇော်
#reinzaw
Keep Reading