ယဥ်သီရိလှိုင်(ဆောင်း)

ကျွန်မတို့တွေနေ့တိုင်းလိုလို အလုပ်ရှိတဲ့သူကအလုပ်လုပ်ကြတယ်တချို့ကြတော့လဲ အလုပ်မရှိကြဘူး မလုပ်ကြဘူးပေါ့အလုပ်ရှ်ိတဲ့သူတွေကသူတို့ရဲ့တနေ့တာကိုအလုပ်လုပ်ရင်းဖြတ်သန်းကြတယ် အခုချိန်နိုင်ငံရေးမကောင်းဖြစ်သွားတဲ့အခါ လူ၂မျိုးကွဲသွားတယ် တမျိုးကတော့ပိုများတယ်ဘာလဲဆိုတော့Non CDMတွေဖြစ်တယ် နောက်လူတမျိုးကတော့CDMပေါ့အရှည်ကောက်ဆိုရင် Civil Disobedience Moment လို့ခေါ်တဲ့အာဏာဖီဆန်ရေးလှုပ်ရှားမှုကိုပြုလုပ်နေကြတယ် ဆန္ဒပြတယ်ပေါ့ ဒီအခါမှာCDMသမားတွေအနေနဲ့ကျောင်းသား/ဝန်ထမ်း/အလုပ်ရှင်/သရုပ်ဆောင်/အဆိုတော် အမျိုးမျိုးရှိတဲ့ထဲက အနစ်နာဆုံးသူတွေဟာဝန်ထမ်းတွေပါ ဒါမယ့်သူတို့ခံနိုင်ရည်ရှိသလောက်တော့တင်းခံထားကြပါတယ် မခံနိုင်တဲ့အဆုံးမှာအလုပ်ပြန်ဝင်ကြသူတွေရှိလာတာတွေ့ရတယ် တချို့ကြတော့လဲBackground ကောင်းတဲ့သူတွေဖြစ်တော့ ပိုက်ဆံဟာအရာရာမဟုတ်ပြန်ဘူး တချို့ဝန်ထမ်းတွေမှာ ပိုက်ဆံဟာအရေးကြီးလွန်းတယ် အရာရာမှာပိုက်ဆံဟာအရေးပါလွန်းတယ် အဆင်မပြေမှုတွေအများကြီးကြုံကြရပါတယ် ဒီကြားထဲမှာစိတ်ဓါတ်မပြိုလဲဘဲရရာအလုပ်လုပ်ကြတယ် ဒီအစိုးရကိုထောက်ခံမှုမပေးတဲ့ဘယ်အလုပ်ကိုမဆိုသူတို့လုပ်ကြတယ် ဒါပေမယ့်လို့သူတို့ဆီကိုနည်းအမျိုးမျိုးနဲ့မရောက်ရောက်အောင်လုပ်ကြတာတွေ အဓမ္မလုယုတာတွေလုပ်ကြလို့တော်တော်များများစီးပွားရေးတွေပျက်စီးကြရတယ် ဒီတော့ကာ လေးစားရပါသောCDMအကိုအမတွေကို အဘက်ဘက်ကနည်းလမ်းပေါင်းစုံနဲ့ကူညီကြပါစို့ ကိုယ်လှူလိုက်တဲ့၁၀၀ဟာသူတို့အတွက်အရမ်းကိုတန်ဖိုးရှိပါတယ် စုပါများတောင်ပို့ဖြစ်တယ်ဆိုတဲ့စကားပုံကြားဖူးကြမှာပါ အကယ်၍ပါနော်အကယ်၍လှူချင်တဲ့စိတ်တွေပေါ်လာတဲ့အခါFacebook accလေးပေးပါမယ်အဲ့ဒီအကိုကCDMဝန်ထမ်းတွေကိုကူညီနေတဲ့သူပါ ယုံရလားဆိုတော့မပြောတတ်ပါဘူး တွေ့ရသလောက်တော့အမှန်ကန်ပုံစံလို့ထင်ပါတယ် စာဖတ်သူများကိုအတင်းကျပ်တိုက်တွန်းခြင်းမဟုတ်ပါ ကိုယ့်စေတနာကိုယ်ရမှာပါကျွန်မလည်းကြားထဲကဘာမှမရပါဘူး လိုအပ်သူများကိုရစေချင်သောစိတ်တခုတည်းသာရှိပါတယ် ကျွန်မကိုယ်တိုင်လည်းCDMကျောင်းသားတယောက်ဖြစ်တာမို့ တခါတလေကျောင်းပြန်တက်ချင်စိတ်တွေဖြစ်တယ်အရင်တည်းကသူများတွေကိုယ်ထက်စာတွေရသွားရင်ကျော်သွားရင်အရမ်းစိတ်ညစ်တဲ့သူမို့ဒီလိုအချိန်မှာ သူငယ်ချင်းတွေတက္ကသိုလ်တက်တော့မယ်ကြားတဲ့အခါ စိတ်ထဲမကောင်းဖြစ်ရပါတယ် ဒါပေမယ့် နိုင်တဲ့အထိအားမလျော့ဘူး တောထဲကလူတွေလဲသူ့နေရာနဲ့သူတိုက်ပွဲဝင်နေကြတယ် ကိုယ်လဲတတ်နိုင်သလောက်ကူညီမယ်လို့တွေးထားတယ် ဒါကတော့ကျွန်မရဲ့စိတ်ပါ စာဖတ်သူတွေနဲ့စိတ်ချင်းတူမယ်လဲမထင်ပါဘူး အကယ်၍ပေါ့နော်လှူချင်လာတဲ့စိတ်ကလေးဖြစ်တဲ့အခါ နာမည်ရတဲ့အလှူတွေ
ထက် လိုအပ်သူတွေကိုလှူတာကပိုပြီးကုသိုလ်ရပါတယ်ရှင် ဒါကတော့ခုနကပြောတဲ့အကိုရဲ့ Facebook linkလေးပါ
https://www.facebook.com/officialphyowaiaung?mibextid=ZbWKwL
ချစ်သောreaders လေးတွေ?
Keep Reading