Author's Profile Photo

Yours Nu Nu Aung

31/07/2023

ချစ်တဲ့သူနဲ့သာဆိုရင်

1 min read
Poetry
ချစ်တဲ့သူနဲ့သာဆိုရင်'s photo

ထမင်းကို ချစ်တဲ့သူနဲ့စားရင် ထမင်းပိုမြိန်သလို
ခံစားရတယ် ထိုနည်းတူ ဘဝလည်း
ချစ်တဲ့သူနဲ့ အတူတူရှင်သန်ရင် ပျားရည်လို
ပိုချိုမြိန်တယ်...ဂုဏ်ပကာသနထက်
သင့်ကို အမြဲပျော်ရွင်အောင်ထားတဲ့ လူကို
ရွေးချယ်စေချင်သလို ပိုင်ဆိုင်ထားရင်
ပိုပိုတန်ဖိုးထားပြီး ချစ်မြတ်နိုးပေးပါ။
လုံးဝလက်မလွှတ်သွားစေနဲ့။Bus ကားဆိုတာ
လွှတ်သွားရင် နောက်တစ်စီးပြန်စောင့်စီးလို့
ရပေမယ့် သင့်ဘဝတစ်ခုလုံးလက်ခံပြီး
သူ့နှလုံးသားတစ်ခုလုံး မင်းပုံရိပ်တွေဖြစ်နေတဲ့
လူကိုတော့ လွှတ်သွားရင် နောက်တစ်ယောက်
ရှိလာဖို့ဆိုတာ ခက်ခဲလိမ့်မယ်
တစ်နည်းအားဖြင့် မင်းကို ပြည့်ပြည့်ဝဝ ချစ်
တဲ့လူတစ်ယောက်ကို အနားရှိတုန်း တန်ဖိုး
မထားတတ်ရင် နောက်မှ နောင်တရလည်း
အချိန်တွေ ကုန်လွန်သွားပြီ..နောင်တဆိုတာ
နောက်မှ "တ "တာပါပဲလေ..။

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်