Author's Profile Photo

Nicolette

16/04/2024

သပ်ရပ်စွာဝတ်စားခြင်းနဲ့ အောင်မြင်မှု

2 mins read
Life Style
Personal Development
Book Review
သပ်ရပ်စွာဝတ်စားခြင်းနဲ့ အောင်မြင်မှု's photo


“အလှအပနဲ့ အဝတ်အစားက အပေါ်ယံတွေပါ အဓိကလိုအပ်တာ စိတ်ဓာတ်ပဲ စိတ်ဓာတ်ကောင်းဖို့ အရေးကြီးတယ်”


ဒီလိုစကားမျိုးတွေကို လူနေမှုပတ်ဝန်းကျင်မှာ မကြာခဏ ကြားဖူးမှာပါ။


ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းစွာပဲ အဲ့စကားက အပြည့်အဝ မမှန်ပါဘူး။


ဘာကြောင့်လဲဆိုတော့ လူတွေက ပထမဆုံးတွေ့ဆုံမှုမှာ အပေါ်ယံကိုပဲ ကြည့်ကြလို့ပါ။


ဒါကိုလဲ အပြစ်ပြောလို့မရပါဘူး။


စိတ်ဓာတ်ဆိုတာက ကြာကြာပေါင်းမှ သိရတာကိုး။


အပြင်ပိုင်းအခွံကတော့ တစ်ချက်ကြည့်တာနဲ့ မြင်နိုင်တယ်လေ။


ဒီလိုကြောင့် ပထမဆုံးတွေ့ဆုံမှုတွေမှာ အကြည့်တချက်နဲ့ပဲ အပေါ်ယံချယ်သမှုနဲ့ ဆုံးဖြတ်လိုက်တာမျိုးရှိပါတယ်။


စိတ်ပညာရှင်တွေရဲ့ စမ်းသပ်မှုတစ်ခုကို ပြောပြရမယ်ဆိုရင်


ရထားတစ်စင်းနဲ့ တစ်ရက်ကြာသွားရမယ့် ခရီးရှည်တစ်ခုမှာ


သပ်သပ်ရပ်ရပ် ဝတ်စားပြီး အနံ့အသက်ကင်းတဲ့သူတစ်ယောက်နဲ့


မသပ်မရပ်ဝတ်စားပြီး အနံအသက်မကောင်းတဲ့သူနှစ်ယောက်ကို နေရာလွတ်တွေရှိတဲ့ မတူညီတဲ့ခုံတွဲတွေမှာ ထိုင်ခိုင်းထားပါတယ်။


ရထားပေါ်တက်လာတဲ့သူတွေက ခုံလွတ်တွေကို ရွေးချယ်တဲ့အခါမှာ


သပ်ရပ်ပြီး အနံ့အသက်ကောင်းတဲ့သူရဲ့ ဘေးနားနဲ့ မျက်နှာချင်းဆိုင်က ခုံလွတ်တွေကိုပဲ ရွေးပြီးတော့


မသပ်ရပ်တဲ့သူနားက ခုံလွတ်တွေကိုတော့ မလွဲမရှောင်သာတဲ့ အခြေအနေမျိုးမှသာ ထိုင်ကြပါတယ်။


မသပ်ရပ်တဲ့သူက ခရီးသွားရင်း ကူညီချင်တဲ့စိတ်ရှိကောင်းရှိနိုင်ပါတယ်။


သပ်ရပ်တဲ့သူကလဲ တစ်ကိုယ်ကောင်းသမားဖြစ်နိုင်ပါတယ်။


သို့ပေမယ့်လဲ လူတွေက ပထမဆုံးအမြင်နဲ့ ဆုံးဖြတ်လိုက်ကြတာပါပဲ။


ရထားနဲ့ သွားရတဲ့ခရီးရှည်ကြီးမှာ ဘယ်သူမှတော့ အနံ့ဆိုးကို သည်းမခံချင်ပါဘူး။


တကယ်တမ်းကျတော့ သပ်သပ်ရပ်ရပ် ပြင်ပြင်ဆင်ဆင်နေတယ်ဆိုတာ ကြည့်ရတဲ့လူတွေအတွက်တင် မဟုတ်ဘဲ ကိုယ့်အတွက်ပါ အများကြီးအကျိုးရှိပါတယ်။



ယုံကြည်မှု ပိုရှိစေတယ်


ပြင်ပြင်ဆင်ဆင်နေခြင်းက ယုံကြည်မှုတွေပိုပြီးတိုးစေပါတယ်။


ခေတ်ပေါ်အဝတ်အစားတွေနဲ့ အသစ်တွေကို အမြဲဝတ်ရမယ်လို့ မဆိုလိုပါဘူး။


ကိုယ်နဲ့ လိုက်ဖက်တဲ့ စတိုင် ၊ ကိုယ့်ကို သက်တောင့်သက်တာဖြစ်စေမယ့် စတိုင်မျိုးကို ရွေးချယ်ပြီး ဝတ်စားတာက ကိုယ့်အတွက်လဲ ပိုကောင်းပါတယ်။


ကိုယ်မနှစ်သက်တာတွေကို အတင်းမဝတ်ဘဲ ကိုယ်ကြိုက်တဲ့ပုံစံကိုမှ ဖက်ရှင်ကျအောင် ဝတ်စားလို့ရပါတယ်။


အင်တာနက်မှာ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကို ရှာဖို့ အချိန်ပေးကြည့်ပါ။




ကောင်းတဲ့အမြင်ကိုပေးတယ်


ကောင်းမွန်စွာဝတ်စားထားတဲ့သူကို လူတွေက ကောင်းတဲ့ထင်မြင်ချက်တွေပေးပါတယ်။


ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့သူပဲလို့ မြင်လိုက်တာနဲ့ ထင်ပြီးသားပါ။


ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့သူကို သူများကလဲ မလေးမစားမလုပ်ရဲပါဘူး။


ဒါကြောင့် အဝတ်သစ်တွေ ဝယ်ဖို့ မနှမြောပါနဲ့။




အခွင့်အလမ်းအသစ်တွေပိုရတယ်


အလုပ်သွားလျှောက်တဲ့အခါမှာ အရည်အချင်းတူနေရင် သပ်ရပ်တဲ့သူကို ဦးစားပေးပြီး အလုပ်ခန့်တာ ထုံးစံပါပဲ။


Skincare တွေနဲ့ အဝတ်တွေအတွက် ရင်းနှီးမြှုပ်နှံတာဟာ အလဟသ မဟုတ်ဘဲ ကိုယ့်အတွက် လမ်းသစ်တွေ ပွင့်စေပါတယ်။




ဖန်တီးမှု အသစ်တွေရစေတယ်


နိုင်ငံတကာက နာမည်ကြီး စာရေးဆရာ တော်တော်များများဟာ ကောင်းမွန်စွာ ဝတ်စားထားရင် စိတ်ကူးသစ်တွေ ရတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်လဲရပါတယ်။


တချို့ သမိုင်းနောက်ခံ စာရေးဆရာတွေဆိုရင် ခမ်းနားတဲ့အဝတ်အစားတွေကိုတောင် ဝတ်ပြီး စာရေးကြပါတယ်တဲ့။


ကောင်းမွန်တဲ့ အဝတ်အထည်တွေဟာ စိတ်လုံခြုံမှုနဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်းတွေကို ပေးစွမ်းပါတယ်။



လေးစားသမှုကိုပြသတယ်


မိတ်ဆုံစားပွဲတွေ၊ အစည်းအဝေးတွေနဲ့ ဖတ်ခေါ်ပွဲတွေကို သပ်ရပ်စွာ ဝတ်စားပြီး တက်ရောက်ခြင်းက


ဖတ်ခေါ်တဲ့သူတွေနဲ့ တွေ့ဆုံရမယ့်သူတွေကို ကိုယ်က လေးစားကြောင်း အလေးထားကြောင်း ပြသတာပဲ ဖြစ်ပါတယ်။



မိတ်ဆွေနဲ့ထိုက်တန်ပါတယ်


အဝတ်အစားကောင်းတွေနဲ့ အသုံးအဆောင်ပစ္စည်းကောင်းတွေက အခုစာကို ဖတ်ရှုနေတဲ့ မိတ်ဆွေနဲ့ အလွန်ကိုပဲ ထိုက်တန် လိုက်ဖက်ပါတယ်။


ကောင်းမွန်တဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေက မိတ်ဆွေကို ကောင်းမွန်တဲ့နေရာတွေကို ခေါ်ဆောင်သွားမှာပါ။


အိမ်နေရင်းပဲ ဖြစ်ပါစေ ပြဲစုတ်နေတဲ့ အဝတ်အစားတွေနဲ့ အရမ်းဟောင်းနွမ်းတွေနဲ့ အဝတ်အစားတွေကို ရှောင်ပြီး ဝတ်ပေးပါ။


မိတ်ဆွေရှာထားတဲ့ ငွေကြေးတွေကို အဝတ်အစားနဲ့ တကိုယ်ရည်အသုံးအဆောင်တွေအတွက် မနှမြောပါနဲ့။


ဈေးကြီးတဲ့ပစ္စည်းတွေ သုံးရမယ်လို့ မဆိုလိုပါဘူး။


မိတ်ဆွေတတ်နိုင်တဲ့ ပမာဏနဲ့ လိုက်လျောညီထွေရှိတဲ့ ပစ္စည်းလေးတွေကို ရွေးချယ်ပြီး ကိုယ့်ကိုကိုယ် အလေးထားစွာ ဆင်ယင်ပေးလို့ရပါတယ်။


အပြင်ပန်းရော အတွင်းစိတ်ပါ သပ်ရပ်သူတွေ ဖြစ်နိုင်ကြပါစေ။



အဝတ်အစား ဝတ်ဆင်တာနဲ့ ပတ်သတ်ပြီး

Juliana Scott ရေးသားထားတဲ့ Fashion and Positive Psychology Interactions Between Clothing, Mood, Self-concept, and Well-being စာအုပ်ကို

အောက်ပါ Telegram Channel လေးမှာ တင်ပေးထားပါတယ်။

https://t.me/+fDx3Hhe9OWoyZmY1


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️

Keep Reading

စိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း