Author's Profile Photo

SarPhat Author

14/04/2024

အပြစ်တင်ခံရခြင်းနှင့်လူငယ့်အကြောက်တရား

1 min read
Life Style
Culture
18 Again
အပြစ်တင်ခံရခြင်းနှင့်လူငယ့်အကြောက်တရား's photo

ကျနော်တို့ရဲ့မိဘအများစုဟာ သားသမီးကို မိဘဆိုတဲ့ပါဝါတွေသုံးပြီး အနိုင်ယူလေ့ရှိကြပါတယ်။
ဒီထဲက တစ်ခုက အပြစ်တင်ခံရတာပေါ့။ အမှားလုပ်မိတိုင်း ကောင်းမွန်စွာဆိုဆုံးမခံရခြင်းထပ် အပြစ်တင်ခံနေရတာမျိုးက ပိုများပါတယ်။ ခေါင်းကိုက်လာတဲ့အခါ "ကိုက်မှာပေါ့ နင်က ဖုန်းကိုလက်ကမှ မချတာ"၊ ဗိုက်အောင့်ရင် "အောင့်မှာပေါ့ အစပ်တွေအများကြီး စားတာကို"၊ အလွန်ဆုံးပြောမယ်ဗျာ ကျနော်တို့ငယ်ငယ်က ဆော့လို့ထိခိုက်ဒဏ်ရာရရင်တောင် "င်ြိမ်ငြိမ်မှမနေတာ" ဆိုပြီး စသဖြင့် အပြစ်တင်အဆူခံရတာပဲ မဟုတ်လား။

ဆိုတော့ဖြစ်လာတဲ့ အကျိုးဆက်က သားသမီးက သူနဲ့မိဘကြားမှာစည်းတစ်ခုခြားလိုက်ပါတယ်။ အဲ့တာကတော့ အရာအားလုံးကို မိဘကိုထုတ်မပြောရဲတော့တဲ့ အကြောက်တရားစည်းတစ်ခုပေါ့။ ကျနော်လည်းဒီလိုကြီးပြင်းလာတာကြောင့် ကျနော့်ရဲ့ အတွေ့အကြုံ တစ်ခုပြောပြရရင် ကျနော်ငယ်ငယ်က ဗိုက်ခဏခဏအောင့်တတ်တယ် sensitive ဖြစ်တယ်ဗျာ အစားမှားစားမိရင်အောင့်လာရော။ ကျနော်အဲ့လိုအောင့်တဲ့အခါ ကျနော့်မိဘကိုထုတ်မပြောပြရဲခဲ့ဘူး ‌ဘာလို့လဲ ကျနော်ပြောရင် ငါအဆူခံရမယ်ဆိုတဲ့ စိတ်ကြီးက ဝင်နေပြီလေဗျာ အပြစ်တင်ခံရမယ် အဲ့ဒီ့အကြောက်တရားက ကျနော့ကို ကျနော်နဲ့မိဘကြားမှာ စည်းလေးခြားပေးလိုက်တယ် အဲ့တော့ ငါဒီတိုင်းလေးပဲ ကြိတ်မှိတ်ခံစားလိုက်မယ် ဆိုပြီး ကျနော်ဘယ်သူ့ကိုမှမပြောခဲ့ဘူး လိမ်တတ်လာတယ် ညာတတ်လာတယ် အဲ့ကနေကျနော်နောက်မှသိလိုက်ရတာက ကျနော့မှာ ကျောက်ကပ်ရောဂါ ဖြစ်နေခဲ့တယ်။

ကျွန်ုပ်၏ထင်မြင်ချက် အကြောက်တရားနဲ့အုပ်ချုပ်တဲ့မိဘလက်အောက်မှာကြီးပျင်းလာတဲ့ သူတစ်ယောက်အနေနဲ့ ‌ပြောချင်တာက မိဘတစ်ယောက်ဟာ သားသမီးကို နားလည်ပေးနိုင်မှုနဲ့ အားပေးနေမှု ကအရေးကြီးတယ်လို့ထင်ပါတယ် အမြဲတမ်းအပြစ်တင်နေမယ့်အစား အကျိုးအကြောင်းကို‌ သေချာနားဝင်အောင် ရှင်းပြပြီး ဆုံးမတာက သားသမီးနဲ့ ရင်းနှိးမှုနဲ့ ယုံကြည်မှုကိုလည်း တည်ဆောက်လို့ရနိုင်ပြီး အကြောက်တရားစည်းကြီးကိုမချမိတော့ဘူးပေါ့ဗျာ။

Keep Reading

လူငယ်နှင့် အောင်မြင်မှု...စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဖိုးလနတ်သားဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေရွာရိုးကိုးပေါက်‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်သူဌေးဝါဒ (၂၃)မရိုးတရိုး