သျှင်လွန်း
ငေးကြည့်နေရရုံနဲ့ကြည်နူးရခြင်းဆိုတာ
ရံဖန်ရံခါမှတွေ့ရတတ်တဲ့
သနပ်ခါးပါးကွက်ကြားလေးနဲ့
အပြုံးနုနုလေးတွေ
အတောမသတ်နိုင်တဲ့ မေတ္တာတွေနဲ့
သတ္တိရှိဖို့ကြိုးစားရင်း
နှလုံးသားတခြမ်းနဲ့ ရင်ခုန်ရတဲ့အခါ
တခါတလေတော့ စိတ်မောရတယ်
ဒီလိုပါပဲ တစ်ယောက်ကမ္ဘာမှာ
တစ်ယောက်ရှိဖို့လိုအပ်လာတဲ့အခါ
ကိုယ်တို့နီးစပ်ကြမှာပါ...
#သျှင်လွန်း
Keep Reading