ANNY IS NOT YOURS
မြန်မာပြည်မှာတော့ ရာသီဥတုက
မီးဟုန်းဟုန်းတောက်နေသလိုပါပဲ။
တောက်နေတဲ့ မီးတောက်တွေထဲက
မီးစတစ်စလောက်ဖြစ်ဖြစ် ဟိုဘက်နိုင်ငံကို
ထင်ဟပ်ပြီးနွေးထွေးစေချင်ရဲ့။
ဒီကာလတွေမှာ မြန်မာအစားအစာတွေကို
သေချာပေါက်လွမ်းနေခဲ့ရတယ်မဟုတ်လား?
အဲ့မှာ မြန်မာစားသောက်ဆိုင်တွေရှိလည်း
သူလွမ်းတာနယ်မြို့က သူ့အိမ်ထမင်းဟင်းတွေပါပဲ။
“မန္တလေးက အစားအသောက်သိပ်ပေါတာပဲ
မန္တလေးပြည်က လူကိုပဲ ယူမှာ”လို့သူပြောတိုင်း
မန္တလေးစာတွေ ကြိတ်လေ့ကျင့်ခဲ့တဲ့ကိုယ်…
ချိုသလား ငံနေမလား
သူ့အကြိုက်ဖြစ်မှဖြစ်ပါ့မလားဆိုတာ
မြည်းစမ်းခွင့်ပေးဖို့တော့ ကိုယ် သတ္တိမရှိခဲ့ဘူး။
“ဉာဏ်ပညာနဲ့ချစ်ခြင်းတရားဟာမျှတနေမှ
တစ်ဖက်ကကိုယ်ချစ်တာကိုခံစားမိမှာ”တဲ့။
ကိုယ့်မှာတော့ သူ့ပါးရိုးချိုင့်ခွက်ရှည်ကြီးကိုပဲ
ငေးမောရင်းဘာဆိုဘာမှမသိချင်ခဲ့ခြင်းတွေ…
ဝေးဝေးကိုမြင်နိုင်ဖို့အမြင့်ကြီး ပျံလိုခဲ့သူ
ခပ်သွက်သွက်လျှောက်တဲ့ ခြေလှမ်းကျယ်ကြား
ခလုတ်လည်းကင်း လမ်းလည်းမပျောက်စေကြောင်းပေါ့…
ဘဝတစ်ကွေ့ဆုံရဦးမယ့် ရေစက်တွေများရှိလာရင်
သူအေးချမ်းစေ၊နွေးထွေးစေ၊ဆွတ်ပျံ့ကြည်နူးလှစေချင်ရဲ့။
06.08.2025(Wednesday)
01:44AM
Disclaimer: I do not own the photo used below.This photo is just for entertainment only. Owner @PATRICK REED PHOTOGRAPHY has been credited.
Keep Reading