Author's Profile Photo

ရွှေငါး

18/07/2025

ပင့်ကူကြီးနဲ့ ယင်ကောင်ငယ်

1 min read
Poetry
Entertainment
Creative
ပင့်ကူကြီးနဲ့ ယင်ကောင်ငယ်'s photo

အို … တဝီဝီနဲ့ ခရီးသည်
အနားနား ဝဲလို့လည်
သင်…. ဘယ်သူများလဲကွယ်။
🕷🕸️ྀི𓆦


အမေနဲ့ဝေးရာ ထွက်လို့လာ
ဗိုက်ကဆာလို့ အစာရှာ
ကျွန်တော် ယင်ကောင်လေးပါ ဗျာ။
🕷🕸️ྀི𓆦

အသင် ခရီးသွား ယင်ကောင်ငယ်
ဗိုက်ဆာနေရင် နားပါကွယ်
တို့ရဲ့ ပင့်ကူအိမ်လေး ဝယ်။ 
🕷🕸️ྀི𓆦

အမေပြောတာ ကြားဖူးတယ်
ပင့်ကူအိမ်နား ရှောင်ကာဖယ်
ဝေးဝေးသွားပါကွယ်။
🕷🕸️ྀི𓆦

မဟုတ်တာကွာ အချောလေးရာ
ဒီဇိုင်းလှပြီး အိစက်တာ
ဒီက ပင့်ကူအိမ်လေးပါ။
🕷🕸️ྀི𓆦

ရှေးထုံးမပယ် စျေးသုံးမလွယ်
အမေ့စကားလည်း မပယ်
တွေ့ရာ မနားရဲပါတယ်။ 
🕷🕸️ྀི𓆦

ပုလဲအသွေးနဲ့ ငွေတောင်ပံ
ဉာဏ်ကောင်း အသံလှ ထက်မြက်ဟန်
မင်းသာ တို့အိမ်နဲ့ထိုက်တန်။
🕷🕸️ྀི𓆦

ကျေးဇူးပါ ကိုပင့်ကူရေ
ဒါပေမဲ့လည်း တွေးပူနေ
မနားတော့ဘဲ ပြန်ချင်သလေ။ 
🕷🕸️ྀི𓆦

မိုးပြေးလေးတို့ ကျလို့လာ
ပင်ကူအိမ်မှာ နားလို့သာ
ဒီတစ်ညတော့ နားသွားပါ။
🕷🕸️ྀི𓆦

အိမ်ကအမေ ပူနေရှာ
မိုးမသည်းခင် ပြန်ရမှာ
နားလည်ပေးပါ ဗျာ။ 
🕷🕸️ྀི𓆦

အတောင်ပံတွေ လေးလို့လာ 
သဘောကောင်းတဲ့ တို့အိမ်မှာ
တစ်ညဖြစ်ဖြစ် တည်းလိုက်ပါ။
🕷🕸️ྀི𓆦

ဒီလိုနဲ့ပဲ ယင်ငယ်ဟာ
မြှောက်ပင့်စကား ကျေနပ်စွာ
အားနာပြီးတော့ တည်းလိုက်ရှာ။
🕷🕸️ྀི𓆦

ပင့်ကူအိမ်ကြီး လှသော်ငြား
လှုပ်မရတော့ပါလား
ရုန်းကန်တော့လည်း မထူးခြား။
🕷🕸️ྀི𓆦

ပင့်ကူကြီးအပြုံး ပျောက်ကွယ်သွား
အနားတိုးလာပြီး တဟားဟား
စားမယ် ဝါးမယ် သူကြိမ်းဝါး။
🕷🕸️ྀི𓆦

ယင်ငယ်ကလေး နောင်တရ
ဒါပေမဲ့လည်း သူနောက်ကျ
ပင့်ကူလက်ထဲ သက်ဆင်းကျ။


🕷🕸️ྀི𓆦


ချစ်မိတ်ဆွေတို့ ဆင်ခြင်ပါ
မြှောက်ပေးတိုင်းလည်း မမြောက်ရာ
အားနာသင့်မှ အားနာကာ
သူစိမ်းစကား သတိထား
မိဘစကား မပယ်ရှား
ဘေးကင်းကြစေသား။
🕷🕸️ྀི𓆦

(ရွှေငါး)









Keep Reading

ရန်ကုန်မိုးမိုးရွာတဲ့​ ​နေ့ကောက်ရိုးတစ်မျှင်နန်းကျဘုရင်အကြည်ဓာတ်နှင်းဆီနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူဘဲမေမေကြီးနဲ့ ဥလေးများ