နွယ်ငြိမ်းလင်းပွင့်
အချိန်တွေက လူကို တိုက်စားသွားပါရဲ့။
ဒဏ်ရာတွေဟာ အချိန်လှိုင်းလုံးအောက်မှာ နစ်မြုပ်ခဲ့ရ။
နှစ်ဆယ့်တစ်ရာစုရဲ့ ရိုက်ချက်တစ်ခုက
သက်သေတွေ ဖျောက်ဖို့ ခက်တာပဲ။
ပိုခက်တာက ဦးနှောက်ထဲက
အပြီးတိုင် မရှင်းပစ်နိုင်ခြင်းပဲ။
အမှိုက်တွေ၊ နွယ်ကြိုးတွေ၊ စခရင်ရှော့တွေ တစ်ထွေးကြီးကို သိမ်းထားပြီး
လမ်းဆက်လျှောက်မလို့တဲ့။
အကြောင်းတိုက်ဆိုင်ရင် လွမ်းဖို့နဲ့
အခါအခွင့်သင့်ရင် ဒဏ်ရာတွေ ပြန်တူးဖော်ဖို့။
အမှတ်တရ ဒဏ်ရာတစ်ခုကို
ခံစားမှုမဲ့တဲ့ စိတ်တစ်ခုနဲ့
အပြင်လူတစ်ယောက်အနေနဲ့
ရှုမြင် သုံးသပ်နိုင်တဲ့ အထိ
အချိန်ရယ် ....
ငါ့ကို တိုက်စားသွားပါ။
8.6.24 (Sat)
Keep Reading