Author's Profile Photo

La young sat paing

1/07/2025

အော်သံများ

1 min read
အော်သံများ's photo



မွေးဖွားခြင်း ရဲ့အော်သံများ
သေဆုံးခြင်း ရဲ့ အော်သံများ
နောက်ဆုံး ၂ပေပတ်လည်
အခန်းထောင့် သို့ငါရောက်ရှိ
မီးခိုငွေ့များကို လက်ရမ်းပြကာ
နှုတ်ဆက်ခဲ့ပါတယ်

ချစ်ခြင်း မုန်းခြင်းမရှိ
ငါ၏ ခန္ဓာသည် လေထုထဲသို့
ရောက်ရှိကာ ခွဲခွာခြင်းကို
စတင်ခဲ့လေသည်

အဘယ်မှာ ပိုင်ဆိုင်မူရှိပါအံ
ဆုတောင်းသံများ ငါ၏အနီးမှာ
ထိုအော်သံများ ...အော်သံများ
ဝိညဥ်ဘုံသို့ တစ်ဖန် ငါရောက်ရှိခဲ့ပြန်ပြီး







Keep Reading