Author's Profile Photo

Yip( ရစ်ကြိုးငယ်)

15/06/2025

သတိ💘လူတိုင်းတွင် နူးညံ့လွန်းသောနှလုံးသားရှိသည်

1 min read
Life Style
18 Again
သတိ💘လူတိုင်းတွင် နူးညံ့လွန်းသောနှလုံးသားရှိသည်'s photo
  • ခေတ်များစနစ်များပြောင်းလဲလာခြင်းနှင့်အတူလူတို့၏ စိတ်ဓာတ်၊စည်းကမ်း၊နည်းစနစ်များပါ စီးမျောလိုက်ပါပြောင်းလဲခဲ့ကြသည်ကို လူသားအားလုံးသတိပြုမိကြပြီးဖြစ်ပေသည်

ထိုအခြင်းအရာကိုကျွန်ုပ်သည်လည်းလက်ခံခဲ့ပါသည်
ကျွန်ုပ်သည် မနုဿလူသားတစ်ယောက်ဖြစ်သည့်အားလျော်စွာ တစ်ဖက်သားတစ်စိမ်းအား မယုံကြည်မှု ၊စိတ်ဓာတ်ရေးရာအားအထင်သေးခြင်းအမှုကိုပြုခဲ့ဖူးမိသည်မှာလွန်စွာရှက်စရာကောင်းလှခြင်းကိုဤနေ့မှစသိခဲ့ရပါသည်

မိုးစင်စင်လင်းတိမ်ပြာပြာအောက်နေရောင်များဖြာထွက်နေသည့်နံနက်ခင်း တစ်ခုဝယ် .............
မေမေသည် ကိုယ့်အား
...မဆုစျေးသွားရအောင်လေ မေမေတစ်ယောက်ထဲပျင်းလို့လိုက်ခဲ့လေနော်
....ဟုတ်ကဲ့မေမေ သမီးအဝတ်စားလဲသနပ်ခါးလိမ်းပြီးရင်သွားမယ်လေ ။ဟာမေမေ ဒီအရှုပ်ထုပ်နှစ်ကောင်ကဘာကိစ္စလိုက်မာလဲ မလိုက်နဲ့သွားဟိတ်(မိမိ၏ နှစ်နှစ် နှင့်သုံးနှစ်အရွယ်ညီအစ်မတစ်ဝမ်းကွဲများကိုဆိုလိုခြင်းသာ)
Baby.....မေမေလိုက်မာနော် အင့်ဟင့်
.....အေးပါလိုက်ခဲ့ချစ်စံ
စျေးရောက်တော့နေကလည်းအတော်ပူနေပြီဦးထုပ်ကလည်းမပါနဲ့Yipတော်တော်ဒုက္ခရောက်နေတော့စဥ်းစားမိတာကဝတ်လာတဲ့အဖြူအမဲအကွက်လက်ရှည်လေးကိုချွတ်ပြီးခေါင်းဆောင်းဖို့သာ..............သိုပေမဲ့ကိုယ်အဲအိတ်ကပ်ထဲမာပိုက်ဆံလေးငါးရွက်ထည့်ထားမိတာကိုမေ့နေခဲ့တာတော့အမှန်.စျေးအရှေ့ပေါက်ကဝင်လာပြီးဆိုတော့ဆိုင်ခန်းတေရဲ့အရိပ်ကွယ်လာတာမို့ဆောင်းထားတာကိုလက်မာကိုင်လိုက်တယ်လက်ပေါ်တင်ပြီးချိတ်ထားလိုက်တာဆိုပါတော့
အဲ့မာဝင်လာတော့ပိုက်ဆံတေကထွက်ကျပါလေရော
ငါးရောင်းတဲ့အန်တီကြီးကYipကိုလှမ်းအော်ပြီး
........ဟိုကလေးမပိုက်ဆံတွေထွက်ကျနေတယ်လေ ကျန်ကောကျန်သေးရဲ့လား ဟိုနောက်မာတစ်ရွက်သွားကောက်ဦး
...ဟုတ်ကျေးဇူးပါအန်တီ
...ရပါတယ်ကွယ်
Yipအထင်သေးခဲ့တဲ့လူတေကYipကိုပြန်ကူညီခဲ့တယ်ဘယ်လောက်တောင်Yipကစိတ်ပျက်စရာကောင်းတဲ့လူလဲ🥺
ကမ္ဘာပေါ်မာလူသန်းပေါင်းများစွာရှိနေသည့်အားလျော်စွာတစ်ယောက်ပြု မူခြင်းကိုလူအားလုံးအားပုံချလိူ့မရကြောင်းYipအားငါးရောင်းသည့်အန်တီကဖွင့်လှစ်ပြသခဲ့ပါသည်
#စာရေးသားမှုညံခြင်းကိုခွင့်လွှတ်ပါ🙏
#Yip(yipkuonge)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)