လုလင်ငယ်
ငါ့ရဲ့ သူငယ်ချင်းကို ဒေါသထွက်ခဲ့တယ်။
ဒေါသကို ပြောပြလိုက်ရင်၊ ဒေါသပြေသွားတယ်။
ငါ့ရဲ့ ရန်သူကို ဒေါသထွက်ခဲ့တယ်။
မပြောပြလိုက်ရင်၊ ငါ့ဒေါသက ပိုပြင်းလာတယ်။
ပြီးတော့ ကြောက်စိတ်ထဲမှာ
နေ့ရောညရော မျက်ရည်တွေနဲ့
ရေလောင်းစိုက်ပျိုးခဲ့တယ်။
ပြီးတော့ ပျော့ပျောင်း လိမ်ညာတဲ့
မာယာတွေထဲမှာ အပြုံးနဲ့
ပွင့်လန်းစေခဲ့တယ်။
လင်းထိန်လတ်ဆတ်တဲ့
ပန်းသီးတစ်လုံး မရမချင်း
အဲ့အပင်ကလေးက
နေ့ရောညပါ ကြီးထွားလာတယ်။
တောက်ပနေတဲ့ အသီးလေးကို
ငါ့ရန်သူတွေ မြင်ခဲ့ပြီးတော့
ငါပိုင်တာမှန်း သူသေချာ သိခဲ့မယ်။
၀င်ရိုးစွန်းကို ညအလင်းတန်း
ဖုံးကွယ်သွားချိန် သူတို့
ငါ့ခြံထဲကို ခိုး၀င်လာခဲ့တယ်။
မနက်ခင်းကို ရောက်ရှိလာတဲ့
၀မ်းသာစရာ တစ်ခုကိုတွေ့ခဲ့ရပြီး
ငါ့ရန်သူဟာလဲ ငါ့သစ်ပင်အောက်မှာ
လဲကျသွားခဲ့ရေလပြီ။
William Blake
( ခုကဗျာလေးကတော့ William Blake ရဲ့ အဆိပ်သစ်ပင်ဆိုတဲ့ ကဗျာလေးကို ဘာသာ ပြန်ထားခြင်းဖြစ်ပါတယ်။ အမှားအယွင်း တစ်စုံတစ်ရာ၊ သို့မဟုတ် လိုအပ်ချက်များ ရှိခဲ့ပါသော် ဘာသာပြန်သူ ကျွန်တော့်ရဲ့ အားနည်းချက် ဖြစ်ပါသည် ဟု ၀န်ခံပါရစေ။)
Keep Reading