Author's Profile Photo

လုလင်ငယ်

3/06/2025

ဒုတိယလူ

1 min read

ဒုတိယလူ

အရာရာမှာ ပထ‌မတွေကိုဘဲ
လူတွေက အရေးပေးကြတယ်။

ပထမဆုံး လပေါ် ရောက်သူကိုဘဲ
လူတွေ မှတ်မိကြတယ်။
ဒုတိယလူဆိုတာ အရေးမပါဘူး။
တတိယ နဲ့ နောက်လူဆိုတာ
ဝေလာဝေး မသေချာသေး။

အလျင်ရောက်သူကို
ဦးစားပေးရတာဟာ
လူ့ယဉ်ကျေးတို့၏ အမူအကျင့်တဲ့

အလျင်ရောက်သူ ဖြစ်လျှက်
ဒုတိယနေရာ ရတဲ့ ကျွန်တော်ဟာ
ပထမ နေရာကို လုခံရတဲ့
သနားစရာ သတ္တဝါ တစ်ကောင်ပေါ့။

ကျွန်တော် အရင် ရောက်ခဲ့တဲ့
ဤ သုခဘုံမှာ ဒုတိယလူပေါ့။
သုခဘုံရဲ့ ဒုတိယလူ။

"လူ့ယဉ်ကျေးမှူ မရှိဘူးလား"
မေးနိုင်တဲ့ ပါဝါမျိုး မရှိတော့ခက်တယ်။

ကိုယ်ကတော့ ငေးရင်းမောရေင်း
သူတို့ကတော့ ပြုံးရင်း ပျော်ရင်း။

ဒုတိယ လူဖြစ်ရတဲ့ အတွက်
"ရက်စက်ပါပေစွ" ဟု ညဉ်းတွားရုံမှ တပါး
ဘာမှမတတ်နိုင်တော့ပေ........။

လုလင်ငယ်။
31.5.2025




Keep Reading