Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

31/05/2025

သဘာဝနှင့် ​တွေ့ဆုံခြင်း

1 min read
Poetry
Art
Earthquake

ခုံတန်းငယ်​လေး​ပေါ်
​​ခေါင်းကို မီချပြီး
​မော့ကြည့်လိုက်​တော့ ....

​လေ​နဲ့ စိမ်​ပြေးလိုက်တမ်း ကစား​နေတဲ့
တိမ်တစ်အုပ်ကို ​​တွေ့တယ်။

​ပြာကြည်​ရောင် ​ကောင်းကင်​မှာ
တူတူပုန်း​နေတဲ့
လခြမ်းငယ်​လေးကို ​တွေ့တယ်။

မြားထိပ်သဏ္ဌာန် စီရီ ပျံသန်း​နေတဲ့
အမျိုးအမည် မသိ
ငှက်တစ်သိုက်ကို ​တွေ့တယ်။

​လေပြည်​လေးများ တိုက်ခတ်​နေတယ်။
​မျက်စိ​ရှေ့က ကျုံး​ရေ​တွေလည်း ​​ရွေ့လျား​နေတယ်။

စိတ်​တွေက​တော့ ငြိမ်း​အေး ငြိမ်သက်​နေတယ်။

​​နေ​​ရောင်လက်ကျန်တို့ ​ရေပြင်​ပေါ် တလက်လက် ထ​နေတယ်။

နားကြပ်​ဆီမှာ ကို​အောင်ရဲ့ သီချင်းသံ အသာအယာ ထွက်​ပေါ်​နေတယ်။

ထိုင်​နေရာနဲ့ မျက်​​စောင်းထိုး​လောက်မှာ
ကျုံးမြို့ရိုးတစ်ခု ပျက်စီး​ ပြိုပျက်နေတယ်။

​​သဘာဝတရား​တွေဟာ မျက်စိ​ရှေ့မှာ။

25.5.25 (Sun)
​
​

Keep Reading

"နွေ"ပျော်မောသူလက်တွေ့(action)လမ်းမထက်က စိန်ငုဝါ"ရေသောက်ပြီး ရယ်ပါ"မျိုးစေ့Book Reviewကောင်မလေးရေ ပန်းတွေတဝေဝေသဘာဝနှင့် ​တွေ့ဆုံခြင်းအဆိပ်သစ်ပင်