Myat Minn Khine

အတူရှိခဲ့ကြတဲ့နေ့ရက်တိုင်းက သမဇုံလိုဘဲ
အပူအအေးမျှပြီး ကြည်ကြည်နူးနူးထိမဟုတ်တောင်
နွေးနွေးထွေးထွေးလေး ရှိခဲ့ကြတယ်။
လေယူလေသိမ်းကြားလိုက်တာနဲ့ စိတ်ထဲက အသံကိုပါ ကြားလိုက်နိုင်တယ်။
ဒီတိုင်းလေး
ရှိခဲ့ကြတယ် ရှိခဲ့ကြတယ်ဆိုတဲ့ စကားလုံးကတော့ နှလုံးသားကို ညှင်းဆဲနေသလိုပါပဲ။
အကယ်၍ ဖွင့်ဟခဲ့ရင်ရော....
သြော် လွန်ခဲ့ပါပြီလေ
ခုထိတော့ ရင်ဘတ်ပေါ် စောင်ပါးလေးတင်ထားပြီး သက်ပြင်းတွေ ခိုးရှိုက်နေမိတုန်းပေါ့
အာရုံထဲမှာတော့ ကိုယ့်ဘေးမှာ သူ့အိပ်ပျော်သွားတဲ့ ကျောတခြမ်းကို မြင်ယောင်ပြီး ရင်ဆိုင်ရမယ့် အနာဂတ်တိုင်း အနာဂတ်တိုင်းမှာ အဆင်ပြေ၊
ရွှင်ပြစွာ ရှိနေပါစေလို့ တောင်းဆိုပြုပါတယ် အတွယ်အတာရေ
သံယောဇဉ်အရှိဆုံးနဲ့ ခင်မင်ခြင်းထက်ပိုမိတဲ့ အတွယ်အတာလေးက ကိုယ်မဟုတ်တဲ့ တစ်ပါးသူအပေါ် ရစ်နှောင်တွယ်ပါတော့မှာပါလားဆိုတာ
သိလိုက်ရတာနဲ့
လူသားတစ်ယောက်အဖို့ အတ္တတွေနဲ့အတူ နာကျင်ခံစားလာရတာနဲ့ တပြိုင်နက် မျက်ရည်တွေကို နေပါအုန်းလို့ တားဆီးချိန်မရတဲ့အပြင် နောက်ဆုံးခွဲခွာခဲ့ကြတဲ့နေ့က သူ့အကျီအရောင်လေးနဲ့အတူ အမူအယာလေးကို ပြေးမြင်မိလိုက်တယ်။
အဲ့ဒီ့နောက် အဲ့ဒီ့နောက်တော့လေ တသွင်သွင်ကျနေတဲ့ မျက်ရည်စီးကြောင်းတွေကြားကနေ ရယ်မောပြေးလွှားခဲ့တာတွေ မြင်ယောင်လာပြန်ရော
သို့ပေမယ့်
လွှမ်းမိုးလာတဲ့ စိတ္တဇက ဘာလဲဆိုရင် ကိုယ်မဟုတ်တဲ့ တစ်ပါးသူက ထိုအတွယ်အတာလေးနားမှာ နေရာယူသွားတော့မှာပါလားဆိုတဲ့
ဝန်တိုစိတ်က မပွင့်လင်းခြင်းနဲ့ မပြတ်သားခြင်းများကို ဒေါသတကြီး ကြိမ်းမောင်းနေလေရဲ့။
မြတ်မင်းခိုင်
Keep Reading