Maung Hein

တောအုပ်တောင်တန်း စိမ်းစိုလန်း
မှိုင်းအုံ့မြရောင်သန်း
တောင်ကျစမ်းလေးကြည်လင်စွာ
အေးချမ်းလှပေတာ။
ကျေးငှက်သံသာ ဟစ်အော်ကျူး
တူစုံမောင်နှံမြူး
စိတ်ဝယ်ကြည်နူ အလှစုံး
ရောင်စုံးပန်ဝတ်မှုန်။
တောမြိုင်ရဂုံလွန်သာမော
ကိုင်းလတ်ဘယ်ညာရော
အမြဲစိမ်းတော ရာသီမှန်
ဥတုအခြေခံ။
သစ်ပင်ပန်းမန် စိမ်းမြမြ
လေကောင်းလေသန့်ရ
ထိန်းသိမ်းကြစို့ တို့ဝန်တာ
စောင့်ရှောက်မြေဆီလွှာ။
သဘာဝရဲ့ အလှတရား
လူသားတို့ခွန်းအား
မြတ်နိုးချစ်စိတ်ပွား။
မြစိုးသန်း(ကျုံတမာ)
Keep Reading