Author's Profile Photo

မိုးနှောင်းအလင်္ကာ

4/04/2025

"အပြင်ပန်းမလှ ကြသူများ"

3 mins read
History
18 Again
Novel
"အပြင်ပန်းမလှ ကြသူများ"'s photo

ခေါက်ရိုးကျိုးနေတဲ့ မီးပူတိုက်ရာတွေလို ပုံသေကားချပ်ဖြစ်နေတဲ့ စိတ်ဓာတ်နဲ့ အမြင်တွေဟာ အလွန်ဘဲ ကို့ရို့ကားယား နိုင်လှပါတယ်။

ဘုရားတွေ လက်ညိုးထိုးမလွဲ တည်ပြီး ငရဲကျတယ် ဆိုတာ ဒီနိုင်ငံရဲ့ ထုံးစံလိုပါဘဲ။

"မနက်ခင်း စောစော ဘေးအိမ်က ဆူညံသံ ကြောင့် ကျွန်တော် စိတ်ညစ်သွားမိသည်။ အငြိမ်းစားကျောင်းအုပ်ဆရာကြီးဖြစ်တဲ့ ကျွန်တော်ဟာ ပင်စင်ယူပြီးတဲ့နောက် အေးအေးချမ်းချမ်း နေချင်ပေမဲ့ မနက်တိုင်း ဆူညံသံနဲ့ ညားနေရတာ အဆင်မပြေလှ။

ဘာတွေဆူညံနေလဲ ဆိုတာ အငြိမ်းစားဆရာကြီး
ဦးလှမောင် သွားကြည့်စရာပင်လိုတော့မည်မထင်ပါ။ ထုံးစံအတိုင်း မခင်လှ သား အငယ်ကောင် အရက်သောက် လာလို့ ဆူနေကြခြင်းပင်။ ညက သောက်စားပြီး ဘယ်အချိန်ပြန်လာမှန်းမသိတာမို့ ဒီမနက်မှ ထဆူခြင်းဖြစ်ပါတယ်။

"အငယ်ကောင် နင်အဲ့ဒီအရက်တွေသောက်ရင် ဒီအိမ်ပေါ်ကဆင်း။"


အိမ်ပေါ်ကနှင်ချနေတဲ့ အမဖြစ်သူကို လှည့်တောင်မကြည့်ဘဲ ထူးကျော်ဖုန်းသာပွတ်နေသည်။ အမေဖြစ်သူကလည်း အိမ်နောက်ဖေးမှာ ထမင်းချက်ရင်း
တပြစ်တောက်တောက် ဆူနေလေသည်။

"ဘယ်လို အရက်သမားကို မွေးထားမိမှန်းကို မသိတာပါအေ။ ဒင်းတို့ကို အရင်ဘဝက ဘာတွေလုပ်ခဲ့လို့ ဝဋ်လည်သလဲမသိဘူး။ ဒီကျွန်မကြီး မြန်မြန်သေမှအေးမယ်"


အမနှင့် အမေက ဆူနေပြောနေပေမဲ့ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ထူးကျော်ကို အကိုကြီးဖြစ်သူက မျက်စောင်းတခဲခဲ။ ဒါလည်းထူးကျော် မကြောက်ပါ။

ထူး​ကျော်ဆိုတာ ရက်ကွက်ထဲက ဂျေလေပီ။ ကျောပြင်တစ်ခုလုံးဟာလည်း တတ်တူးအပြည့်၊ ကွမ်းတံတွေးကို တပြစ်ပြစ်ထွေးရင်း ဆေးလိပ်ကို လက်ကြားထဲ ညှပ်ထားပြီး အရက်လည်းမရှောင် လောင်းကစားလည်း ပါလိုက်သေးဆိုတဲ့ ရပ်ကွက် လူမိုက်စရင်းဝင်။

ဦးလှမောင် တစ်ယောက် မခင်လှသား အငယ်ကောင် ထူးကျော် အကြောင်း တွေးရင် ခေါင်းကိုဖြေးညှင်းစွာ ခါးရမ်းလိုက်မိတယ်။ ဒီလို ပုံစံနဲ့ လူငယ်တစ်ယောက်ကို သူ့ရဲ့ အသက်အရွယ်နဲ့အတွေ့အကြုံ အရ ကြည့်ရမယ်ဆိုရင် ဘယ်လိုမှ လူကောင်းသူကောင်း ပြန်ဖြစ်ဖို့မလွယ်။

တစ်ခါကလည်း ဦးလှမောင်တို့ ခြံအနောက်ဖက်မှာ အရက်လာသောက်ကျလို့ စကားအနည်းငယ်များဖြစ်ကြသေးသည်။ ထို့ကြောင့် ကျွန်တော် ထူးကျော်ကို လူကောင်းမဖြစ်နိုင်တော့ဟု ပြောလျှင် လွန်မယ် မထင်ပါ။

နွေရဲ့ အပူဒဏ်က မန္တလေးမှာဘဲ စုစည်းနေပုံရပါသည်။ နေ့လည် နေ့ခင်းပူလွန်းလှပေမဲ့ ဦးလှမောင်တစ်ယောက် ရေးလက်စ ဝတ္ထုတို ကလေးကို ဆက်လက်ရေးဆဲပါဘဲ။ တိုက်အိမ်ပုကလေးရဲ့ အနောက်ဘက်မှာတော့ အိမ်သူသက်ထားဟာ
စလူယက်တောင်ကလေး နဲ့ နွေဦးကို အံတုနေလေတယ်။

အငြိမ်းစား ကျောင်းဆရာကြီး ဦးလှမောင်တစ်ယောက် ဝတ္ထုရေးနေရင်း ခေါင်းထဲမိုက်ခနဲ ဖြစ်သွားပြီး အိမ်တစ်ခုလုံးလှုပ်ခါသွားသည်ကို သတိထားမိလိုက်တယ်။ အသက်အရွယ်အရ ချက်ခြင်းမထနိုင်သောလည်း ပါးစပ်ကနေ ဇနီးဖြစ်သူကိုလှမ်းအော် သတိပေးလိုက်သည်က

"မေကြီးရေ ငလျင်လှုပ်တယ်ဟ အိမ်ပြင်ထွက်နေ"


"အပြင်ရောက်ပြီတော့။ ဖေကြီးလည်းထွက်ခဲ့တော့။"


ဇနီးဖြစ်သူ ရဲ့ အပြင်လှန်းပြောတဲ့ အသံနှင့်အတူ ငလျင်ကြောင် ပစ္စည်းတွေ ပြုတ်ကျသံက ရောနှောနေလေသည်။ မူးဝေနေတဲ့ ခေါင်းကို မနည်းဆွဲထောင်လိုက်ပြီး ထပြေးဖို့ အလုပ် ဘေးကနံရံတွေ အက်လာတာမို့ ကြောက်ကြောက်လန့်လန့် အရှေ့ကိုဆက်တိုးလိုက်ပြီးတံခါးနား အရောက် ငလျင်က ပိုလှုပ်ခတ်လာခဲ့တယ်။

အိမ်ရှေ့တံခါးဝ ကို ခြေလှန်းလိုက်တာနဲ့ တခါးကျည်းပေါင် ပြုတ်ကျတာနဲ့ ကွက်တိဖြစ်နေတော့ ခန္ဓာကိုယ်ကို အမြန်အိမ်ပြင်ကို ပို့လိုက်ပေမဲ့ အသက်အရွယ်ကြောင့် အနည်းငယ်နောက်ကျသွား​ချေပြီ။

"အ.... သေပါပြီဟ။ ညှပ်နေပြီဟ လုပ်ကြပါအုံး"


တခါးကျည်းပေါင်နဲ့ ခြေထောက် တစ်ဖက် ပိမိပြီးညှပ်နေတာကို ဇနီးဖြစ်သူတွေ့တော့ အမြန်ပြေးလာပေမဲ့ မမှီတော့ အိမ်ဟာ အလုံးလိုက်ပြိုကျသွားပြီဖြစ်သည်။ ငလျင်လည်း ရပ်သွားခဲ့ပြီ။

"ဖေကြီး.... လာကြပါအုံးတော် ဖေကြီး အဝနားမှာ ရှိသေးတယ်။"


အကူအညီလှန်းတောင်းနေသောလည်း အားလုံးဟာ ကိုယ့်အပူနဲ့ ကိုယ်မို့ မကြည့်အား။ တစ်ဖက် အိမ်က မခင်လှတို့က လူတွေမထိခိုက်ပေမဲ့ အိမ်ကလေးတော့ပြိုသွားခဲ့လေပြီ။ ဦးလှမောင်၏ ဇနီးအသံကြားသောကြောင့် ထူးကျော်အမြန်ပြေး၍ အုပ်ပုံတွေကို ဖယ်ရှားလိုက်သည်။

ကံကောင်းသည်ဟု ပြောရမလားပင် ဦးလှမောင်တစ်ယောက် အုပ်ချပ်တွေနဲ့ အနည်းငယ်သာ ပိမိသောကြောင့် ဘာမှသိပ်မစိုးရိမ်ရ ခြေထောက်တစ်ဖက်ညှပ်နေတာကို ခဲရာခဲဆစ် ထုပ်ရင်း ထူးကျော် ဦးလှမောင်ကို အပြင်သယ်လာခဲ့သည်။

ငလျင်ရဲ့လှုပ်ခပ်မှုဒဏ်တွေကြောင့် မန္တလေး တစ်မြို့လုံးလည်း ပွတ်လောရိုက်သွားခဲ့လေပြီ။ ညနေပိုင်းတွေရော နောက်နေ့တွေမှာပါ ငလျင်အသေးစားတွေ ထပ်လှုပ်နေသေးတာမို့ လူတွေအကုန်လုံးဟာ ကျုံးကြီးဘေးမှာသာ ယာယီတဲထိုးနေကြရတယ်။

တိုက်တွေနဲ့ပိနေသေးတဲ့ လူတချို့ကို ကယ်ဆယ်ရေးတွေ မလာခင် တူတစ်လက် နဲ့ လိုက်လံ ကယ်ဆယ်နေတာကို ရပ်ကွက် လူမိုက်အမည်ခံ ထူးကျော်နှင့် အပေါင်းအပါများ။ အဆောက်အဦးပျက်ထဲကို လူတစ်ကိုယ်စာတောင် ဝင်လို့မရတဲ့ အပေါက်ကလေးကို တူနဲ့ အကြိမ်ကြိမ်ခေါက်ပြီး တွားဝင်သွားတဲ့ တက်တူးထိုးထားတဲ့သူတို့ဟာ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာတော့ သူတို့ အံ့သြကြတယ်။

နိုင်ငံခြားက ကယ်ဆယ်ရေးတွေဟာ အနီးအနားမှာ နှလုံးခုန်သံ ကြားရလားဆိုတာ စက်နဲ့ စစ်ဆေးတယ်။ အပျက်အစီးပုံအောက်မှာ သက်ရှိလူသားတစ်ယောက်ယောက် ရှိနေလားဆိုတာ စက်နဲ့ ပုံရိပ်ဖမ်းတယ်။ လေ့ကျင့်ပေးထားတဲ့ ခွေးလေးတွေနဲ့ အနံ့ခံခိုင်းတယ်။

တက်တူးနဲ့ကောင်လေးတွေဟာ သာမန်အချိန်မှာတော့ အိမ်က အငယ်ဆုံး အပေအတေ ကောင်လေးတစ်ယောက်လည်း ဖြစ်ချင်ဖြစ်လိမ့်မယ် ။ ညနေစောင်းတဲ့အခါ အရက်ဆိုင်ရောက်ချင်လည်း ရောက်နေနိုင်တာဘဲ။ ဘွဲ့ရပြီးလို့ အလုပ်မရသေးတဲ့ ကောင်လေးတစ်ယောက်လည်း ဖြစ်နိုင်တယ် ။ ပညာရေးဆုံးခန်းမတိုင်သေး ကောင်လေးတစ်ယောက်လည်း ဖြစ်နိုင်တယ် ။

အလုပ်အကိုင်တစ်ခုခု လုပ်နေပေမဲ့ ခေတ်လူငယ်တစ်ယောက်လို ဂစ်တာ တဒေါင်ဒေါင်ခေါက်လိုက် ၊ တက်တူးတွေထိုးလိုက်နဲ့ လွတ်လပ်စွာနေတတ်တဲ့ ကောင်လေးတွေလည်း ဖြစ်နိုင်တယ် ။

ငလျင်ဘေးအန္တရာယ် ခံစားလိုက်ရချိန်မှာပဲ တက်တူးတိုးထားကြသော လူမိုက်ဟု ဆိုကြသူတို့ဟာ အပျက်အစီးများရာနေရာကို ရောက်လာကြတယ် ။ ကွမ်းယာတွေ တပြစ်ပြစ် ထွေးချင် ထွေးလိမ့်မယ် ။ ပုဆိုးကို ဒူးခေါင်းအထိ ပြင်ဝတ်ချင်ဝတ်မယ်။
အိမ်မှာနေချိန်မို့ ဖြစ်သလိုအဝတ်အစားနဲ့ ရဲရဲရင့်ရင့်ထွက်လာတဲ့ တက်တူးတွေကို ဟိုထင် ဒီထင်နဲ့ ကြည့်တဲ့သူလည်း ရှိချင်ရှိလိမ့်မယ် ။

နိုင်ငံတကာ ကယ်ဆယ်ရေးသမားတွေက နည်းပညာသုံးပြီး ကူညီနေတာတောင် ပြည်သူတွေကို သူတို့ စိတ်မချနိုင်သေးဘူး ။ နိုင်ငံတကာ ကယ်ဆယ်ရေးသမားတွေနဲ့အတူ သူတို့ရှိနေသေးတယ် ။ နိုင်ငံတကာ ကယ်ဆယ်ရေးသမားတွေနဲ့ ရယ်ရယ်မောမော ကူညီနေကြသေးတယ် ။

နိုင်ငံခြားက လေ့ကျင့်ထားတဲ့ ကယ်ဆယ်ရေးသမားတွေဟာ တက်တူးနဲ့ကောင်လေးတွေကို မကြည်တဲ့အကြည့်နဲ့ ကြည့်တာ မတွေ့ဘူး။ ငေါက်ငမ်းတာ မတွေ့မိဘူး။ ဟိုဟာယူမလား ဒီဟာယူမလား ဆိုတဲ့ သံသယမျက်လုံးနဲ့ မကြည့်ဘူး။ ကူညီဖို့လာတဲ့ ပညာတတ်တွေဟာ ဒေသခံလူငယ်တွေရဲ့ ပူးပေါင်းကူညီမှု့ရလို့ ကျေနပ်နေတဲ့ပုံပါဘဲ။ ခွင့်ပြုချက်ပါလား ၊ ဘယ်ကလဲ ၊ ဘယ်အဖွဲ့ကလဲ ဆိုတာမျိုး မမေးဘူး ။ ပါးရိုက်ဖို့ဆိုတာကတော့ ဝေလာဝေး။

ဒီနိုင်ငံမှာ တတ်တူးထိုးထားတဲ့ သူဆို လူမိုက်ဟု ထင်ကြတာမျိုး၊ မဟုတ်မခံ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သူကို မိုက်ရိုင်းတယ် ထင်နေကြတဲ့ အမျိုးတွေပါ။ တစ်ဖက်ပိတ်အမြင်နဲ့ အပြင်ပန်း အလှကိုကြည့်နေကြတဲ့ လူတွေရယ်ပါ။

နောင်တစ်ချန်မှာ
တက်တူးထိုးထားတဲ့ ကောင်လေးတွေကို အစိုးရအလုပ်အကိုင် အခွင့်အလမ်း ပိတ်ထားတာ ၊ ကုမ္မဏီအလုပ်အကိုင်တွေမှာ နေရာမပေးတာတွေကို တားဆီးကြရမယ်။ အပြင်ပန်းအလှကို ကြည်ရှူမှုနှုန်း လျော့ချရမယ်။

ရပ်ကွက်လူမိုက်စရင်းဝင်လို့ သတ်မှတ်ထားတဲ့ လူငယ်တချို့ဟာ တတ်တူးတွေ မဲနေအောင်ထိုးပြီး နီရဲနေတဲ့ ပါးစပ် ပိုင်ရှင်တွေဟာ ယခုလိုအချိန်မှာ ရပ်ကွက်လူကြီးထပ် ပိုပြီးလူကြီးလူကောင်းဆန်နေ ပါတယ်။

အပြင်ပန်းအလှကြောင့် အဲ့ဒီ တတ်တူးနဲ့ ကောင်လေးတွေ၊ ဆေးလိပ်တို လက်ကြားညှပ်တွေ ရှားပါးရတနာတွေ၊ လူစိတ်ရှိကြသူတွေ နွံနစ်ကုန်တာပါ။

အပြင်ပန်းအလှထပ်စိတ်နှလုံး အလှကို မြင်နိုင်ကြပါစေ။

#မိုးနှောင်းအလင်္ကာ

(ကျန်းမာ၊ချမ်းသာ)
ဖြစ်ရပ်မှန်တစ်ချို့အား ကိုးကား
ပုံcrd

(စာဖတ်သူတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါသည်။)







Keep Reading

စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်အဖေကို ဘာကြောင့်မုန်းတာလဲပြည်ထောင်စုနှင့်စာပေဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲDelayed fear realizationဒီကဗျာလေး ဖတ်ကြည့်ပါဆိုဇင်နစ်ဇင်၏ ညာဘက်လက် အတိတ်ဟောင်းပြည်သူ့နီတိပညာ သင်ကြားမှုအား လေ့လာဆန်းစစ်ခြင်း (၁) ----------------------------------------------------------