မောင်ဘုန်း
စားဖိုမှူးစီရောက်ရင်
ဟင်းကောင်းတစ်ခွက်ဖန်တီးမှုအတွက်
အထောက်အကူပြုပစ္စည်း
မြက်ရိတ်သမားလက်ထဲရောက်ရင်
ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်
အထောက်အကူပြုပစ္စည်း
နဂါးနိုင်သိုင်းသမား လက်ထဲရောက်ရင်
နာဂါးနိုင်သိုင်းကျင့်တဲ့ သင်ထောက်ကူပြုပစ္စည်း
လူသတ်သမားလက်ထဲရောက်ရင်
လူတွေးကိုသတ်ဖို့ အထောက်အကူပြုပစ္စည်း
ပညာလဲထိုနည်းတူပဲ
ဘယ်လိုလူစီရောက်လဲပေါ်မူတည်ပြီး
အသုံးချမှုကကွာသွားတယ်
အေးချမ်းတဲ့သူစီရောက်ရင်
အေးချမ်းဖို့သုံးတယ်
လောဘရှိတဲ့သူစီရောက်ရင်
လောဘအတွက်သုံးတယ်
သိမ်ငယ်တဲ့သူစီရောက်ရင်
သိမ်ငယ်မှုအတွက်သုံးတယ်
လူကအရေးကြီးတယ်
ဓာတ်ခံလေးကယုတ်ညံ့နေရင်
အထောက်အကူပြုအရာတွေ
ပညာတွေကြောင့် အရင်ရှိရင်းစွဲလေးက
ပိုအားကောင်းလာတာပဲရှိမယ် 🙏🏻
#thelapyae
#crd
Keep Reading