Nay Saung
ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေသလား
ရွက်သစ်ဝေဖို့ ရွက်ဟောင်းခြွေသလား နွေ…
ဆုံဆည်းခွင့်ဟာ ခဏတာဖြစ်ခဲ့ပြီး
ခွဲခွာခြင်းဟာ ထာဝရဖြစ်ရပြန်တယ်..
ကံကိုလည်း ငါမပိုင်
အချစ်ကိုလည်း ငါမပိုင်
လွမ်းခွင့်ကိုတော့ ငါပိုင်ခဲ့ပါတယ် နွေ..
လေရူးဟာ ငါ့ကို ကျီစယ်နေသလိုလို
ကံ့ကော်တွေကတော့ ငါ့ကို ပြုံးပြီးကြည့်လို့ပေါ့
လေတစ်ချက်အဝှေ့မှာ
အလွမ်းဒဏ်ရာဟာ
တဆစ်ဆစ်နာရပြန်ပါတယ်…
ပိုင်ဆိုင်လိုခြင်းမှာ
လောဘတရားဟာ ကပ်ပါလာစမြဲပါပဲ
ငါ့လောဘတွေ ငါကြိုးစားသတ်ရင်း
ငါဆန္ဒတစ်ခုပြုမိတယ်
မင်းရွေးချယ်ရာလမ်းမှာ
မင်းပျော်နေပါစေကွယ်…
နေဆောင်း ၁၄၊၃၊၂၀၁၅
Keep Reading