Author's Profile Photo

Nan Ko Ko Oo

28/02/2025

Under the Weather

1 min read
Education

အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ကျွန်တော် သိသလောက် တတ်သလောက် လေ့လာထားသလောက်ကို ကျွန်တော့်စာဖတ်သူများကို မျှဝေချင်ပါတယ်။
Sharing is caringပေါ့။

တစ်နေ့ကို တစ်ခုလောက်နဲ့ ဖြည်းဖြည်းချင်း စကြမယ်။ မကောင်းဘူးလား။
အများကြီးဆိုရင်လဲ မမှတ်နိုင်ဘဲ ဖြစ်မယ်။ မေ့သွားနိုင်တယ်။ နည်းနည်းချင်းပဲ သွားကြတာ ကောင်းတယ်။

ဒီနေ့ မျှဝေပေးမယ့် phrase လေးတစ်ခုကတော့ " under the weather " ပါ။
Idiom တစ်ခုဖြစ်ပါတယ်။
Idiom ဆိုတာက အဓိပ္ပါယ်ကို တိုက်ရိုက်ဘာသာပြန်လို့ မရပါဘူး။
" under the weather " ကို တိုက်ရိုက်သာ တဲ့တဲ့ပြန်ချလိုက်ရင် " ရာသီဥတု အောက်မှာ " ဆိုပြီး တလွဲအဓိပ္ပါယ်ကောက်မိနိုင်ပါတယ်။
ဘယ်လိုနေရာမျိုးမှာ သုံးသလဲဆိုတာ ရှင်းပြပါ့မယ်။
သူ့ရဲ့ အဓိပ္ပါယ်ကတော့ သိပ်ပြီး နေလို့ထိုင်လို့မကောင်းဘူး၊ ကိုယ်လက် မအီမသာ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
အအေးမိတာ အအေးပတ်တာတို့ စတဲ့ နေမကောင်း ဖြစ်တဲ့အခါ " under the weather " ကို သုံးလို့ရပါတယ်။

ဥပမာလေးတွေကိုလည်း ရေးပြပေးလိုက်ပါတယ်။

Example 1: “I think I’m going to stay home today. I’m feeling a bit under the weather.”
ကျွန်တော် ဒီနေ့ အိမ်မှာနေရတော့မယ်ထင်ပါရဲ့။ နည်းနည်းမအီမသာဖြစ်နေလို့။

Example 2: “She was feeling under the weather, so she couldn’t come to the party last night.”
သူ သိပ်နေမကောင်းလို့ မနေ့ညက ပါတီပွဲကို မလာနိုင်တာပါ။

Example 3: “You look a little under the weather. Maybe you should rest.”
မင်းကြည့်ရတာ နေမကောင်းတဲ့ပုံပဲ။ အနားယူသင့်တယ်နော်..။

မောင်ဦး
28.2.2025

Keep Reading

International Jazz Dayအပြစ်ဒေါသ (၁၀) ချက်တက်ညီလက်ညီ ပန်းတိုင်ဆီသို့နဂိုရှိမှ နဂိုင်းထွက်ထူးဆန်းတဲ့လောကနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲသူများပြောတိုင်းမယုံနှင့်စာသင်ကျောင်းသည် မြင်းဇောင်းမဟုတ်ထင်ရာမြင်ရာ ဝင်ပါကြသောအခါMy Life Notes