Author's Profile Photo

SarPhat Author

17/02/2025

စာရေးတဲ့အခါ သတိမူစရာ

1 min read
Education
စာရေးတဲ့အခါ သတိမူစရာ's photo

ဘယ်သူပဲဖြစ်ဖြစ် စာရေးမယ် ဆိုရင် ရေးလို့ ရပါတယ်။ ဒီလို ‌စာတွေ ရေးတဲ့အခါ သတိမူရမှာက စာလုံးပေါင်းသတ်ပုံပါပဲ။ စာလုံးပေါင်း လွဲရင် အဓိပ္ပာယ် လွဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စာလုံးပေါင်းပုံတစ်ခုချင်းစီမှာ သတ်မှတ်အဓိပ္ပာယ်ကိုယ်စီ ရှိနေလို့ ဖြစ်ပါတယ်။ 'ကတယ်' ဆိုတာကို 'ထတယ်' ဆိုပြီး 'က'နဲ့ 'ထ' လွဲရေးရင် အဓိပ္ပာယ် ကွာသွားတာ သတိမူနိုင်ပါတယ်။ စာလုံးပေါင်းတွေထဲမှာ အသတ်တွေလဲ ပါပါတယ်။ အဲဒီအသတ်တွေကိုလဲ လွဲရေးလို့ မရပါဘူး။ လွဲရေးရင် အဓိပ္ပာယ် ကွာပါတယ်။ 'စုတ်‌နေပြီ' ဆိုတာကို 'စုပ်နေပြီ' ဆိုပြီး 'တ်'နဲ့ 'ပ်' လွဲရေးရင် အဓိပ္ပာယ် ကွာသွားတာ သတိမူနိုင်ပါတယ်။
တကယ်က သတ်မှတ်စာလုံးပေါင်းသတ်ပုံဆိုတာ သိဖို့ သိပ် ခက်ခဲလှတာတော့ မဟုတ်ပါဘူး။ လက်ရှိတရားဝင် စာလုံးပေါင်းစည်းမျည်းစာအုပ်တွေ ဖြစ်တဲ့ 'မြန်မာစာလုံးပေါင်းသတ်ပုံ'၊ 'မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနှင့် ခွဲထား'တို့ ဆောင်ထားရင် ရပါပြီ။ ဒီ စာအုပ်တွေ ရဖို့ အခက်အခဲ ရှိနေသူတွေအဖို့လဲ စာလုံးပေါင်း 'ဆော့ဖဝဲ (software)' တွေ ကြည့်လို့ ရတာပါပဲ။
ရေးခါစမှာ စာလုံးပေါင်းအလွဲအမှားတွေ များနေမှာ သဘာဝ ဖြစ်ပေမဲ့ သတိပြု ရေးသားသွားရင် စာလုံးပေါင်း ပိုင်နိုင်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာမှာ အမှန်ပါပဲ။

အေးကျော်မင်း
၁၇-၂-၂၀၂၅

Keep Reading

Mindsetကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာFinance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လေညင်းတွေဟာ ဘယ်ကလာ