Author's Profile Photo

Kaung Set Lwin

15/02/2025

ပြည်ထောင်စုနေ့ ကဗျာ

1 min read
Poetry
History
ပြည်ထောင်စုနေ့ ကဗျာ's photo
ပြည်ထောင်စုနေ့
ဖေဖော်ဝါရီ တစ်ဆယ့်နှစ်မှာ
မြန်မာ့နေ့မြတ် ထူးတဲ့နေ့ကို
သတ်မှတ်ခဲ့တာ ပြည်ထောင်စုနေ့ပါ။

အညာအကြေ တောင်တန်းမြေပြန့်
နှစ်မြေမခွဲ စည်းလုံးခဲ့လေ
မော်ကွန်းသက်သေ နေ့တစ်နေ့ဟာ
ပြည်ထောင်စုနေ့ပါ။

စည်းလုံးသက်သေ စာချုပ်လေဟု
ရှမ်းတို့နယ်မြေ ပင်လုံမြို့မှာ
ပင်လုံစာချုပ် လက်မှတ်ချုပ်ဆို
နေ့တစ်နေ့ဟာ ပြည်ထောင်စုနေ့ပါ။

နယ်ချဲ့ဉာဏ်များ အကြံများကို
ညီနောင်များစု အားမာန်ပြု၍ 
စုပေါင်းညီညာ တွန်းလှန်ခဲ့တာ
ပြည်ထောင်စုနေ့ပါ။

နှစ်ထောင့်နှစ်ဆယ့်ငါး ခုနစ်ဆယ့်ရှစ်ကြိမ်မြောက်
ယနေ့ကျရောက်ခဲ့တာ ပြည်ထောင်စုနေ့ပါ။

ထိုနေ့ကိုမူ ဗဟိုပြုကာ
ပြည်ထောင်စုရေး အရှည်တွေး၍
မျိုးချစ်စိတ်နှင့် ညီညွတ်စိတ်အား
ကိန်းဝပ်စဥ်မြဲ ဤရင်ထဲ၌
စည်းလုံးညီညာ အောင်ကြောင်းဖြာဟု
ဂရုပြု
မော်ကွန်းစိုက်ထူ တုယူစရာ
နေ့တစ်နေ့ဟာ ပြည်ထောင်စုနေ့ပါ။

ကောင်းဆက်လွင် ၁၀.၂.၂၀၂၅


၁၁ရက် ၂လ ၂၀၂၅ခုနှစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနက ကျင်းပပြုလုပ်ခဲ့တဲ့ (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
ကဗျာရွတ်ဆိုပြိုင်ပွဲမှာ ကျွန်တော်ကိုယ်တိုင်ရေးသားပြီး ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ပထမဆုရကဗျာလေး ဖြစ်ပါတယ်ခင်ဗျာ။





Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်