Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

1/02/2025

ရက်စက်တဲ့ သူ

1 min read
Poetry
Art
Creative

မျှော်လင့်ခဲ့ရဖူးသူက
​မျှော်လင့်ချက်​တွေ ​ပေး​နေမိတယ်။

စွဲလမ်းခဲ့ဖူးသူက
အစွဲအလမ်း​တွေ တိုး​​စေမိတယ်။

ရင်နာခဲ့ဖူးသူက
ရင်နာ​​စေမဲ့ လမ်းကို ​​ခင်းပြ​မိတယ်။

ဖြစ်သူအ​ဟောင်းက
ပြုသူအသစ်​ ​​နေရာဝင်ယူပြီး
ရက်ရက်စက်စက် နှိပ်စက်​နေ​လေရဲ့ ....။

သိသိရက်နဲ့ မျက်ကွယ်ပြု
စကား​တွေ ​​ဝေ့ဝဲ​ပြောပြီး
သူ့ခံစားချက်​တွေ ​ရှောင်ဖယ်သူ​လေ။

တနင့်တပိုး တစ်ဖက်သတ် အမှတ်တရ​တွေ
ဖိစီး​ခဲ့ဖူးသူက
အမှတ်တရ အပိုင်းအစ​​​​လေး​​တွေ
တူတူ ဖန်တီး​​ပေးဖို့​တော့ လက်မ​နှေးခဲ့ဘူး။

​အဓိပ္ပါယ် နှစ်ခွ စကား​​တွေ ​ပြော​ဖို့ ဝန်မ​လေးခဲ့ဘူး။

လှပတဲ့ စာ​လေး​​​တွေ ပြန်​ပို့ဖို့ မတွန့်ဆုတ်ခဲ့ဘူး။

လူကြီးဆန်ပါတယ်​ပေါ့ ....
တကယ်က ....
မရိုးသားတဲ့ ရက်စက်တတ်တဲ့
လူကြီးတစ်​​ယောက် ဖြစ်နေခဲ့တာ​လေ။

ခွင့်လွှတ်​တော့ကွယ် ....

သ​ဘောကျ​​​ပေးလို့
​ကျေးဇူးအများကြီးတင်တယ်။

29.1.24 (Mon)

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်