SarPhat User
ညညဆို အိပ်ချိန်ရောက်နေပါရက် မအိပ်ချင်ဘူး။ ဒီတစ်ရက်တာအချိန်တွေ ကုန်သွားတာ နှမျောနေသလိုပါပဲ။
ဒါမှမဟုတ် နောက်ထပ် ရက်စွဲတစ်ခုကို ရောက်မလာစေချင်တာမျိုးလား မသိဘူး။
ဆိုခဲ့ပါတယ်လေ။
မနက်ဖန်မှာ မျှော်လင့်ချက်ဆိုတာရှိမှ ဒီည အိပ်ပျော်နိုင်မှာမျိုးပေါ့။
မနက်ဖန်ပေါင်းများစွာ တစ်ခုခုမှာ မျှော်လင့်ထားတာ ရှိရင်လဲ တစ်မျိုးပေါ့။
သူက ဗိသုကာ ပရစ်စကာဆုကို မျှော်မှန်းထားသလို
ကိုယ်က စာပေနိုဘယ်ဆုကို မှန်းရမလား။
( လောလောလတ်လတ် ဟန်ကိုင်းက ဆုရထားတာ မဟုတ်လား)
ဘာမှ အဖြစ်ရှိရှိ စာရေးနေတာလဲ မဟုတ်ပါပဲနဲ့လေ။
စိတ်ကူးတာပဲဟာ။
စိတ်ကူးဟာလဲ မျှော်လင့်ချက်ရောင်ခြည်ပါပဲလေ။
မျှော်တလင့်လင့် ဝတ္ထုကိုတော့ ပြီးအောင် မဖတ်ဖူးသူကလေ။
အင်း
ညညဆို အိပ်ချိန်ရောက်လာရင် စိတ္တဇကိုဖြစ်လို့ပါ။
၁၂ နာရီမရောက်ခင်တော့ အိပ်ပျော်မှဖြစ်မှာ
နောက်တစ်ရက်ကို မအိပ်လိုက်ရပဲ ဖြတ်ရတာမျိုးလဲ မလိုချင်ပါဘူး။
Keep Reading