နွယ်ငြိမ်းလင်းပွင့်
အခန်းတံခါးကို ပိတ်၊ ကတ်ဆက်ကို ဖွင့်
မျက်လုံးကို မှိတ်၊ ဖြစ်ကြောင်းပြန် ရစ်
စဥ်းစားကြည့်မယ်။
မခိုမကပ်၊ မနားမနေ ကြိုးစားပါလျက်
အိပ်ရေးပျက်ခံ၊ နားချိန် လျှော့ကာ
ကြိုးစားပါလျက်
ကြိုးစားခြင်းဆိုတဲ့ အကြောင်း နဲ့
မျှော်လင့်သလောက် မဖြစ်ဘူးဆိုတဲ့ အကျိုးဟာ
မဆီလျော်ခဲ့ဘူး။
ကြိုးစားတိုင်း ဖြစ်မလာတော့
မျှော်လင့်သလောက် မထိရောက်တော့
ဘာကိုမှ မကြိုးစားချင်၊ မမျှော်လင့်ချင်တော့ဘူး။
ဒီအရှုံးကို ဝိုင်ပူပူနဲ့ မျှောချပစ်မယ်။
ဒီရက်ပိုင်းတော့ ကြိုးစားခြင်းနဲ့
ဝေးဝေးမှာနေမယ်။
10.9.20 (Thu)
Keep Reading