Author's Profile Photo

လုလင်ငယ်

7/01/2025

အလွမ်းဆုတောင်း

1 min read
Poetry
Novel
Entertainment

ဘုရားဆိုတာ
ရေစက်ပါမှ တူတူ သွားကြရတာ။

ငါတို့ဟာ
ဘုရားလည်း ရောက်ခဲ့၊
အလျှူလည်း လုပ်ခဲ့၊
ငါတို့ဟာ
ဘုရားမှာ
ရေလောင်းပြီး
ကံကောင်းချင်ခဲ့တာ။

သို့ပေမဲ့
ကံကောင်းတယ် ဆိုတာ
ကြံချောင်း စားသလို
အချိုကြီး ဘဲမှ မဟုတ်တာ။
ကံအပြစ်လဲ မဟုတ်ဘဲ
ငါ့အပြစ်မို့

လွမ်းမနေတော့ဘဲ
အပန်းဖြေမို့
သူနဲ့ မတွေ့ပါရ‌စေနဲ့ ဘုရား။

(ဆရာကြီး မင်းလူဟာ မြွေရုံနားမှာ သူ့ ချစ်သူဟောင်းကို ပြန်တွေ့တော့ နေရခက်တဲ့ ပုံစံကြီး ဖြစ်နေခဲ့သည်။ ကျွန်တော်က တော့ တွေ့နေရမှာ ဆိုးလို့ ကြိုဆုတောင်းမိလေသည်။)

Keep Reading

"ခြေလှမ်းတိုင်းရဲ့ ပဲ့ကိုင်ရှင်ဖေဖေ"ခင့်ထံ ပေးစာဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"