Author's Profile Photo

Nway Oo Maung

4/01/2025

သူခိုးဓားရိုးကမ်းခြင်း-၂

1 min read
General Knowledge
Art
History


မယားဟောင်းဖြားယောင်းခြင်းခံရသော ရဟန်းကိုအကြောင်းပြု၍ ထိုစူဠဓနုဂ္ဂဟဇာတ်ကို မြတ်စွာဘုရားဟောရခြင်းဖြစ်​၏။ ကျွန်တော်
မှတ်မိသော ဇာတ်လမ်းအဆုံးသည်ကား လင်းကြီးကောလင်ငယ်ပါဆုံးရှုံး၍ မြစ်ကမ်းနဘေး၌ ငိုနေသော မိန်းမတစ်ယောက်​၏ ပုံရိပ်
မျှသာဖြစ်​၏။ မြန်မာပြန် ဇာတ်တော်ထဲ၌ ထိုမျှနှင့်မပြီးသေး သိကြားမင်းက ထိုမိန်းမကို ဆုံးမသောဖြစ်ရပ်ပါသေး​၏။ ဇာတ်လမ်းကိုပြန်
ဆက်ကြစို့၊ " ဖြစ်ပျက်ပုံကို သိကြားမင်းသည်မြင်ပြီး ထိုမိန်းမကိုဆုံးမလိုသောကြောင့်မြေခွေးဟန်ဆောင်လျက် အသားတုံးတစ်ခုကိုက်ချီကာ ထိုမိန်းမရှေ့ကနေ ဖြတ်
လျှောက်သွား​၏။မာတလိနတ်သားသည် ငါးအရှင်ယောင်ဆောင်၍ မြစ်ထဲမှကမ်းပေါ်သို့ခုန်တက်​၏။မြေခွေးယောင်ဆောင်သော သိကြားမင်းသည်း ငါးကိုမြင်တော့ အသာတုံးကိုပစ်ချကာ ငါးကိုစားရန်ပြေးသွား​၏။ ထိုအချိန်မှာပင် ပဉ္စသိခနတ်သားသည် ကျီးယောင်ဆောင်လျက် အသားတုံးကိုချီသွားလေ​၏။ ငါးသည်လည်း မြေခွေးအနီးသို့မရောက်ခင် ရေထဲသို့ပြန်ဆင်းသွားလေ​၏။ထိုမြင်ကွင်းကိုမြင်သော မိန်းမက "အသင်မြေခွေး သင်သည် အလိုရမ္မက်ကြီးသောကြောင့်အသားတုံးကိုဆုံး ငါးကိုလည်းဆုံးရ​၏"ဟုပြောလေ​၏။ မိန်းမ​၏စကားကိုကြားသော် မြေခွေးက "မိန်းမယုတ် မိဘပေးစားသောလင်ကြီးကိုပစ်ပယ်သောကြောင့် လင်းကြီးကော လင်ငယ်ပါဆုံးရှုံးရတာက ငါထက်ဘာသာသလဲ"ဟုမေးလိုက်​၏။ မိန်းမသည်အညံ့မခံပါ ၊"ငါကဒီနေရာကထွက်သွားရင် နောက်တစ်ယောက်ရနိုင်သေးတယ် အသင်မြေခွေး" ဟုပြန်ပြော​၏။ မြေခွေလည်း အိုဘလိုပြောလိုက်တာလဲ မိန်းမယုတ်" ကြေးခွက်ကို ခိုးဖူးတဲ့သူသည် ရွှေခွက်ငွေခွက်ကိုလည်း ထပ်ခိုးမည်မှာသေးချာ​၏"ဟုပြောကာထိုနေရာမှာ ထွက်သွားလေ​၏။ ဇာတ်လမ်းက ဤနေရာ၌ပြီးသွား​၏။ မြန်မာပြန်ဇာတ်တော်ကိုထပ်ဖတ်ပြီးသောအခါ "ငါးစိမ်းမြင် ငါးကင်ပစ်"ဆိုသော နောက်စကားပုံတစ်ခုကို သွားသတိရ​၏။ဇာတ်တော်ထဲမှာ အသားတုံးကိုကိုက်ထားရာမှ ငါးကိုမြင်တော့ အသားကိုပြစ်ပြီး ငါးနောက်လိုက်တာဖြစ်​၏။ အသံထွက်လို့ကောင်းအောင် "အသားကင် နေရာမှာ ငါးကင်"ဟုအစားထိုးပြီး ရှေးကပညာရှိများ ရေးခဲ့လေသလားဟုတွေးမိ​၏။ "ငါးစိမ်းမြင် ငါးကင်ပစ်"ဆိုသော စကားပုံ​၏ အဓိပ္ပါယ်ကတော့ ချစ်သူ,စုံတွဲ,သူငယ်ချင်း ,အဖွဲ့အစည်းတို့၌ သာတာတွေ့တဲ့အခါ သစ္စာမရှိပဲ စွန့်ပစ်သွားတာကိုဆိုလိုတာဖြစ်​၏။ ဘာပဲဖြစ်ဖြစ် "ဖတ်ရာမှတွေး တွေးရာမှ အသိဉာဏ်ဖြစ်လာ​၏" သူခိုးဓားရိုးကမ်း ဟူသောစကားပုံသည် ဤဇာတ်တော်မှ ဆင်းသက်လာသည် မလာသည်မှာ ကျွန်တော်သေချာမသိပါ၊ သူခိုးဓားရိုးကမ်းခြင်းသည် သစ္စာမဲ့သူတို့​၏ လုပ်ရပ်ဖြစ်သည်ကိုတော့ တွေးကြည့်နိုင်ပါ​၏၊ သူခိုးဓားရိုးကမ်းခြင်းမှ ကင်းဝေးကြပါစေ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များနားစရာရှိတာ နားပါ ချေးများစေ့စပ်တဲ့သူမက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦးဘာလို့ မုန်းကြတာလဲစိတ်ဓာတ်ကျနေတဲ့အခါတန်ဖိုးကြီးလှတဲ့ ဆုံးရှုံးမှု...မရိုးတရိုး