Author's Profile Photo

Lin Maung (ကောက်ကွေး)

25/12/2024

ဆောင်လေအေးအေး သွေးအေးအေး(ကဗျာစု)

1 min read
Poetry
Art
Novel

ဆောင်းတွင်းမှာ အေးချမ်းစွာအနားယူ
လူငယ် အတွေးတွေ ကတော့ အေးချမ်းစွာအနားမယူ။

ဆောင်းတွင်းမှာ ခြေဖျားလက်ဖျားအေး
လူငယ်တွေမှာ ဘဝတွေ ပါသွေးအေး။

သွေးအေးလို့ မီးကိုလှုံ
အိမ်မက်တွေ အေးလို့ သောကမီးကိုခြုံ။

ဆောင်းအိမ်မက်တွေ အတည်ဖြစ်ဖို့ရေး
လူငယ်တွေ အားသွန်စိုက်ကာပြေး။

အိမ်မက်တွေစျေးကြီးလျက် နှလုံးဟာအေးစက်စက်
အေးပါများလို့ မာကျောပေ ပူမလာတော့တဲ့နှလုံးအိမ်။

ကောက်ကွေး

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်