Author's Profile Photo

xylophone

22/12/2024

'မညီမျှခြင်း'

1 min read
Poetry
Creative


အဆိုးတွေကြုံနေရသည့်တိုင်
ကံတရားကို အပြစ်မတင်ဖြစ်ဘူး
တစ်ကိုယ်ရည်စာဒုက္ခလောက်နဲ့
ယုံကြည်မှုတစ်ခုလုံး မေးခွန်းထုတ်ရမှာကို
ကျွန်တော်အားနာတယ်

ဒါကိုပဲ လူအများစုကြုံရတဲ့အခါ
Equationကို မေးခွန်းထုတ်ချင်လာတယ်
ဘယ်လိုအကြောင်းတရားတွေကြောင့်
အကျိုးတရားတွေဟာ ဆိုးရွားနေရတာလဲ
မသိကိန်းတွေပေါင်းပြီး
ထွက်လာတဲ့ရလဒ်အဖြေဟာ
လက်မခံချင်စရာပဲ

ဘဝတစ်ခုဟာ
သံသရာရဲ့ အဆစ်အချိုးတစ်ခုဆိုရင်
အတိတ်ဆိုတဲ့ကန့်လန့်ကာကြီးကို
ဆွဲလှန်ကြည့်လိုက်ချင်တယ်
မတရားမှုအတွက်ကျူးလွန်သူအပြစ်သားကိုအပြစ်ပေးဖို့အချိန်ဆွဲတာဟာ
နစ်နာသူဒုက္ခသည်ကို
သက်ညာလေးစားမှုမရှိတာပဲ

ဒီဘဝရဲ့ အကြောင်းတရားတွေကြောင့်
ဒီဘဝမှာပဲ အကျိုးတရားတွေရပြီး
အကျိုးဆက်ပြတ်မယ်ဆိုရင်
တရားသူဟာ တရားမှုအတိုင်း
မတရားသူဟာ မတရားမှုအတိုင်း
လောကကြီးရဲ့ ဆုပေးဒဏ်ပေးစနစ်ကို
မသေခင်တွေ့သွားချင်သေးတယ်
နောက်ဘဝဆိုတာ မရှိခဲ့ရင်ပေါ့။

ဇိုင်လို
17Sep 24 (Tue)

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်