Author's Profile Photo

Tawtawti

14/12/2024

ဝေး ( ကဗျာ )

1 min read
Poetry
Art
Creative


"ဝေး"

တရံတခါမှာ...
ချစ်ခြင်းတရားနဲ့ ဝေးခဲ့တယ်

ကံကြမ္မာမှာ
အမှန်တရားနဲ့ ဝေးခဲ့တယ်

"အလံ"တရာမှာ
မေတ္တာတရားနဲ့ဝေးခဲ့တယ်

ဘယ်လောက်လွမ်း..လွမ်း
စွက်ဖက် ရက်စက်မှုများကြား
တယောက်အနမ်းကို တယောက် မရတော့ပုံ

နှစ်ယောက် သစ္စာထားလည်း
တွက်ချက် သတ်မှတ်မှုများကြား
တယောက်လမ်းမှာ တယောက်မဆုံနိုင်တော့ပုံ

ဒဏ်ရာမှာ
အကြင်နာတရားနဲ့ ဝေးခဲ့တယ်

ခန္ဓာမှာ
အကျွတ်တရားနဲ့ ဝေးခဲ့တယ်

သံသရာမှာ
ဝဋ်တရားနဲ့ဝေးပါစေ။

-တော်တော်တည်

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်