Author's Profile Photo

B4; You WATCH

13/12/2024

တိမ်ပန်းချီ

1 min read
Startup
Entertainment
Creative
တိမ်ပန်းချီ's photo

Movie Review
~~~~~~~~~~~~

ရွှေအမြုတေ မဂ္ဂဇင်းမှာတည်းက အခန်းဆက်ဝတ္ထုရှည်အဖြစ်နဲ့ လတိုင်းစောင့်ဖတ်ခဲ့ရတဲ့ တိမ်ပန်းချီဝတ္ထုလေးဟာဆိုရင်တော့ ရုပ်ရှင်ကားအဖြစ်နဲ့ အသက်ဝင်လာခဲ့ပါပြီ။

ဝတ္ထုကနေ ရုပ်ရှင်ပြောင်းလဲမှုအပေါ် ဘယ်လောက်စိတ်ကျေနပ်မှုရှိလဲဆိုရင်တော့ ၇၀% လောက်တော့ ရှိပါတယ်။ ဝတ္ထုကနေ ရုပ်ရှင်အဖြစ်ပုံဖော်တဲ့အခါမှာ တော်တော်များများက အရသာပျက်သွားကြပေမဲ့ တိမ်ပန်းချီရုပ်ရှင်ကတော့ မူရင်းဝတ္ထုရဲ့ အခိုးအရိပ်‌တွေကနေ အများကြီးသွေဖည်မသွားတဲ့အပြင် အရသာသစ်နောက်တစ်မျိုးအနေနဲ့ပါ ခံစားခဲ့ရပါတယ်။ ဝတ္ထုမှာတော့ တရိပ်ရိပ် ဆွဲခေါ်သွားတဲ့ ဇာတ်ရှိန်နဲ့အတူ အနိမ့်အမြင့်များစွာနဲ့ တိမ်ပန်းချီရဲ့ဘဝကို ရင်မောစွာခံစားခဲ့ရပေမဲ့ ရုပ်ရှင်မှာတော့ ဆန့်ကျင်ဘက်အနေနဲ့ ရင်မောရပြီးမှ အနိမ့်အမြင့်များစွာနဲ့ တရိပ်ရိပ် ဆွဲခေါ်သွားပါတယ်။

ထည့်သုံးထားတဲ့သီချင်းတွေက ရုပ်ရှင်နဲ့ အရမ်းလိုက်ဖက်ပြီးတော့ location နေရာတွေနဲ့ cinematography ကလဲလှပါတယ်။ အပြိုင်ဇာတ်ဝင်ခန်းတွေ များတဲ့အလျောက် acting tempo ကျမသွားပဲ ဆွဲဆောင်နိုင်တာကလဲ ဒီရုပ်ရှင်ရဲ့ သဘောကျရတဲ့ အချက်တစ်ခုပါ။ တစ်ချို့ဇာတ်ကောင်အပိုင်းတွေနဲ့ ဇာတ်ဝင်ခန်းတစ်ချို့တို့ကတော့ ရုပ်ရှင်ဖြစ်တာနဲ့အညီ ဝတ္ထုနဲ့ အသေးစိတ်ထပ်တူမကျခဲ့ပေမဲ့ အရမ်းတော့ မဆိုးဝါးခဲ့ပါဘူး။ ဇာတ်ဝင်ခန်းတစ်ချို့ dialogues မကိုက်တာနဲ့ အသံအနည်းငယ် လုံးတာကလွဲရင် သိပ်ပြီးအပြစ်မြင်စရာ မရှိပါဘူး။

လူငယ် director ရဲ့လက်ရာလဲဖြစ် ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်မှုကို ဦးစားပေးကြည့်ရမဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ပရိတ်သတ်အကြိုက်နဲ့လဲ ကိုက်ညီတဲ့အတွက် ဒီ့ထက်မက အောင်မြင်မှုတွေ ရရှိဦးမဲ့ ရုပ်ရှင်တစ်ကားပါ။

-------------------------------------------------------------------
တိမ်ပန်းချီ (၂၀၂၄)
Genre (Drama/Romance)
B4; You WATCH's Rating(8.6/10)

Keep Reading

The biggest Disney cruise shipစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...VPN အကြောင်း သိကောင်းစရာသိထားသင့်တဲ့ Business Englishအမျိုးသမီးတစ်ယောက် စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်ဖို့ဂျပန်နိုင်ငံရဲ့ JDM (Japanese Domestic Market)သင်မသိသေးတဲ့ စီးပွားရေးဆိုင်ရာ လျှို့ ဝှက်ချက်။ Macroeconomic အကြောင်းတစ်စေ့တစ်စောင်း။Co-Founder ဘယ်လိုရှာကြမလဲ။ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲနေ့စဥ်သုံး Power Bankတွေရဲ့ မမြင်နိုင်တဲ့ အန္တရာယ်