Shwe Pon Ayar
မမြင့်မြတ်ပါဘူး သူလိုငါလို လူတစ်ယောက်
မချစ်တက်ခဲ့ပါဘူး သူသူငါငါလူတွေလို
ကိုယ့်ခရီးကိုနှင်ရင်း ကိုယ့်လမ်းကိုယ်လျောက်လို့
ခရီးပေါက်ဖို့ပဲ အာရုံစိုက်ခဲ့တယ်
ကြင်နာသူရဲ့ အပြုံးအောက် မကျရှုံးခင် တဒင်္ဂ။
အမုန်းအစစ်ဟာ ကမ္ဘာတည်သရွေ့ ရှိရိုးမှန်သလို
အပြုံးတစ်ခုဟာလည်း ကြင်နာသူရှေ့
ခစားစေနိုင်တယ် သံသရာအဆက်ဆက်
မပျက်ပြယ်နိုင်သော မေတ္တာများနဲ့။
အသက်ဟာ လူတစ်ယောက်ကိုရှင်သန်စေသလို
သွားတက်ဟာ သူ့အပြုံးကိုဝင့်ကြွားစေနိုင်လွန်းတယ် ဘယ်ကောင်းမှုရဲ့ တောင်းဆုကြောင့်
အပြုံးဟာ စွမ်းအားပြင်းရပါသလဲ ကြင်သူရယ်
သူမမြင်နိုင်တဲ့ထောင့်ချိုးကနေပဲ အကြိမ်ကြိမ်
ခိုးကြည့်မိခဲ့ပါတယ်။
အကြည့်ချင်းဆုံချင်ပေမဲ့ အကြည့်ချင်း
မဆုံမိအောင်ရှောင်းတိမ်းရင်း
ရင်းနှီးချင်ပေမဲ့ မရင်းနှီးရအောင် ရှောင်ပြေးရင်း ဘဝကို အချစ်မပါဘဲ နေတက်ဖို့
ရယ်မောသံ ခပ်စိပ်စိပ်ကို
စိတ်ဝိဥာဥ်မှဖယ်ရှားဖို့ ငြိမ်းချမ်းခြင်းအစစ်ကို ရှာဖွေရင်း ကြင်နာသူရဲ့လွှမ်းမိုးမှုအောက်
ငါကိုယ်တိုင်ပဲဝပ်ဆင်းမိခဲ့ပြန််တယ်
နှလုံးသားဟာ ဖျားနာစွာနဲ့။
ကဗျာဟာ အချစ်ဦးမသိအောင် ရေးရတဲ့အရာလို့
ဆရာတာရာမင်းဝေ ဆိုသလို ကိုယ့်အတွက်တော့
ကဗျာဟာ အချစ်ဦးဖတ်စေချင်လို့ ရေးခဲ့တဲ့စာပါ
မေတ္တာရှိမှုကို တစ်သီးတစ်သန့်ပြဆိုဖို့
ကဗျာတစ်ပုဒ်အနေနဲ့ပဲ
အဓိပ္ပါယ်ဖွင့်ချင်ခဲ့ပါတယ်ကွယ်
ဘယ်တော့မှ မဆွေးမြေ့နိုင်သော
နှလုံးသားစက္ကူရွက်များနဲ့။
အချစ်ဦးမို့ ရူးခဲ့မိသမျှ သိမ်းထားမိခဲ့တဲ့မေတ္တာဟာ
ကဗျာတစ်ပုဒ်အဖြစ် လှလှပပပါပဲ
သတိရမိတဲ့အခါ အပြုံးတစ်ခုကိုအဖြေရှာရင်း
ရင်ဘတ်ထဲမှာပဲ ထာဝရသိမ်းထားပါ့မယ်ကွယ်
ကိုယ်နဲ့ဝေးကွာလွန်းသော ကြင်သူအား
ချစ်တာကိုသိစေဖို့ထိ မဖွင့်ဟချင်တော့။
နှလုံးသားတစ်ခုလုံး ယိမ်းခဲ့မိသမျှ
ချစ်ခဲ့မိသမျှ ရေးထားတဲ့စာ
သိမ်းထားခဲ့တာ အတော်ကြာပါပြီ
ဘယ်ရာသီတွေ ဘယ်လိုပင်ပြောင်းခဲ့ပေါ့
အချစ်သဝဏ်လွှာဟာဖြင့် ခေါက်ရိုးမပျက်ခဲ့။
#shweponayar
Keep Reading