Sharing By Yin
“ပြန်မလာတော့ဘူးကွယ်” ကို နားထောင်တိုင်း ဒီစာသားကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်တယ်။ “မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ ဒဏ်ရာတွေ ပြည့်နှက်ခဲ့တယ် ကြေကွဲ” ဆိုတာပဲ။ မျှော်လင့်ရင်းနဲ့ မနက်ဖြန်ကို အသက်ဆက်တယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့်လေ ကိုယ့်စိတ်ကိုယ် နားလည်တာမျိုး ၊ ကိုယ်ဘာဖြစ်လာမလဲ ကြိုသိတာမျိုး ဆိုတာ တော်ရုံလူတွေမှာတောင် မရှိတဲ့အရာပါ။ ဒါနဲ့များ ဘာအတွက်ကြောင့် ကိုယ်မဟုတ်တဲ့ တခြားလူအပေါ် မျှော်လင့်ချက်တွေ အများကြီး ထားကြတာပါလိမ့်။ တအား မျှော်လင့်မိတော့လည်း နာကျင်ရတာကိုယ်ပဲ မလား။ မျှော်လင့်ထားသလို ဖြစ်မလာတော့ တစ်ဖက်လူက အားနာရုံပဲ တက်နိုင်မယ် ကိုယ်က ရင်ဘတ်ကြီးနဲ့ ခံစားနေရတာပဲမလား။ ဒါကြောင့် ရှေ့ဆက်မယ့် ဘဝမှာ မည်သို့သော အရာမျိုးကိုမှ မမျှော်လင့်ဖို့ ကောင်းမယ်။
#Shwe
https://t.me/Elegant_Literature
Keep Reading