Author's Profile Photo

Yawnaka Kyawthu

25/11/2024

ပါးပြင်ထက်တွင် သံယောဇဉ်

1 min read
ပါးပြင်ထက်တွင် သံယောဇဉ်'s photo

မျက်ဝန်း တစ်စုံ
ရင်ခုံမိလေတော့
‌သခင့် ရင်ခွင်သို့
ခြေစုံပစ်ဝင်မိလေပေါ့။

ပါးပြင်မှ အနမ်း
ရွှေငွေ ချမ်းသာသည်ထက်
ကိုယ်စုံမက်လေတော့
နှုတ်ခမ်းတွင် ပါးပြင်အပ်
တခါတခါ ရင်ခုံသံဟာ
ရပ်ရပ်သွားလေရဲ့။

ဝေးကွာနေတဲ့အခါ
အလွမ်းဟာ ပေါ်ပေါ်လာတယ်
အနီးနားမှာရှိနေတော့
စွန့်လွှတ်လိုက်ရမှာ
စိုးရိမ်မိတယ်။

ပိုင်ဆိုင်ပြီးရင် စွန့်လွှတ်ရတဲ့
မမြဲသော သင်္ခါရ
သံဝေဂဉာဏ်တော့ရှိပေမယ့်
တစ်ဘဝ တစ်ခန္ဓာသာမက
တစ်သံသရာလုံး
မင်းနှင့်သာ
ဆုံးစည်းပါရစေ
ချစ်ရသူရေ ။ ။

ယောနကကျော်သူ



Keep Reading