Aung Kyaw Soe
ခါးသက်သက် ကော်ဖီတစ်ခွက်
ဘေးမှာချရင်းပဲ ညည်းတွား
" ဒီအတုတွေ နောက်မသောက်တော့ဘူး"လို့
အခုပြန်တွေးရင်း stain များနဲ့ ရယ်မိ
Capital သောက်ရင်း ချောင်းတဟွပ်ဟွပ်
ဒါကိုပဲ လွမ်းမိသေးတယ်
ပေါ့ပေါ့ပါးပါး ရယ်သံတချို့
သတိတရနဲ့ ဒီစာကိုရေးတယ်
ကော်ရစ်တာဘေး ပြန်ထိုင်ချင်သေးတယ်
အပူပင်နည်းနည်းနဲ့ ထိုင်ရယ်ချင်သေးတယ်
ဆွေးတတ်ရန်ကော လို့ ပြောမလား
နှလုံးသားက ထင်သလောက်မမာ
ဦးနှောက်ကလည်း ထင်သလောက် မတိမ်
အမှတ်တရများ ဒါကြောင့်ကျန်ပါတယ်
လှိုက်လှိုက်လှဲလှဲရယ်ချင်တယ်
တစ်ခါလောက် ရရင်ပေါ့
ကော်ရစ်တာဘေး ပြန်ထိုင်ချင်သေးတယ်
#အောင်ကျော်စိုး
Keep Reading