Default Profile Photo

SarPhat User

16/11/2024

ကျွန်တော့်မမ မမနှင်း အခန်း(၁):အချစ်ကို ထိတွေ့ခြင်း

1 min read
ကျွန်တော့်မမ မမနှင်း 
အခန်း(၁):အချစ်ကို ထိတွေ့ခြင်း's photo

-အို....
တုပလို့မရတဲ့ အလှပါလား။
လစန္ဒာနဲ့ အပြိုင်လှလွန်းပါတယ်။
လရောင်ကဲ့သို့ အေးချမ်းမှုကို
မမပြုံးလိုက်တိုင်း ခံစားရပါတယ်။

-တစ်...နှစ်...သုံး...လေး
နာရီကိုငေးကြည့်ပြီး စက္ကန့်တွေကို အပျင်းပြေရေတွက်မယ်။
မမ လာမှာကို စောင့်နေရင်းပေါ့။
အလာလမ်းမှာ မမ ကြိုက်တဲ့
နှင်းဆီပန်းကို ခူးလာခဲ့ပါတယ်။

-ဒီနေ့လည်း စောင့်မယ်။
မနက်ဖြန်လည်း စောင့်မယ်။
မမ ရဲ့ အပြုံးလေးကို မြင်ရဖို့
ကျွန်တော် နေ့စဉ်စောင့်မယ်။

-မမက လှတယ်။
ဆံချည်မျှင်တစ်မျှင်စီတိုင်း
ကျွန်တော့်တွက် လှပပါတယ်။
ခြေလှမ်းတွေကို ဆက်လှမ်းပါ မမရေ။
ကျွန်တော့်ကြောင့် မယိုင်ပါစေနဲ့။
ဆရာအောင်ချိမ့်ပြောသလို
မမ ခြေလှမ်းပျက်မှာ စိုးလို့ပါ။

-နူးညံ့တဲ့ ကိုယ်သင်းရနံ့ကလေး
ပုရိသတို့ နှလုံးသားအားဖမ်းဆုပ်ခဲ့သူလေး
အခုတော့ ကျွန်တော်ပါ ချုပ်နှောင်ခံရပြီ မမရေ။

-အချစ်သ‌င်္ကေတ၊ မေတ္တာကဏ္ဍ
တာဝန်အသီးသီး၊ ဝတ္တရားအသီးသီးပါ။
မမရေ
ခနလောက်ပါပဲ၊
တစ်ချက်လောက်ပဲ ငဲ့ကြည့်လှည့်ပါ။

-စွဲလမ်းခြင်း အာဝါဒ
ဗုဒ္ဓမကြိုက်တဲ့ အဓမ္မတရား
မမကို
ကျွန်တော် စွဲလမ်းမိနေလေပြီ။

-မမစီးနေကျ ကားဂိတ်လေးမှာပေါ့။
မမကလည်း ကျွန်တော့်ဘေးမှာပေါ့။
မမကို ကျွန်တော် မသိမသာခိုးကြည့်ရင်း
မမ သိလေတော့ ကျွန်တော့်ကိုရယ်တယ်တဲ့လား။

-နယူတန်မဖော်ထုတ်နိုင်တဲ့
မမကို ချစ်ကြောင်းညီမျှချက်
ကျွန်တော် ဖြေရှင်းပေးပါ့မယ်။
မမဘက်ကသာ ခေါင်းလေးငြိမ့်ပြီး
ပြုံးပြပါ။

-ကျွန်တော့်ကို မျက်နှာချင်းမဆိုင်ပါနဲ့။
ကျွန်တော့်ကို မကြည့်ပါနဲ့ မမရေ။
ရင်ခုန်လွန်းလို့ပါ။
နှလုံးသားနုနုနဲ့ကောင်မို့
ကျွန်တော့်ကို ထပ်မရယ်ပါနဲ့။

#မောင်တုတ်
၁၄.၁၁.၂၀၂၄

Keep Reading