Author's Profile Photo

SoonYeik

14/11/2024

မောင့်ခင်ပျို

1 min read
Poetry

တောတောင်စိမ်းစိမ်း၊ပင်လယ်ပြာပြာ

လရောင်ဝင်းဝင်း၊လှိုင်းတရွေ့ရွေ့

လေညှင်းတဝှေ့ဝှေ့၊

မည်သို့ဖွဲ့ဆိုလေမလဲ ခင်

သူ့အလှ သူ့ဘဝနဲ့ အလှမျိုးစုံရှိကြလေတော့

ဖွဲ့နွဲ့ဆိုရ မောင့်မှာ ခက်ခက်

ခင် ပိုလှလော သူ ပိုလှလော

ခက်ပေပြီ ခင်...

ခင့် မျက်ခုံးနက်

တောစိမ်းနဲ့အပြိုင်

မျက်ဝန်းလဲ့လဲ့ ပင်လယ်ပြာလို

ပါးမို့မို့ဟာ လရောင်ကြောင့်လိုလို

လှပေသည် ခင်

သူ့အလှ ကိုယ့်အလှ

ဘက်လိုက်မူပို မောင်ဆိုရသော်

မောင့်ခင် ပင် ပို၍ လှလေပြီ....❤️‍?



                            ..... စွန်းရိပ်

Keep Reading

ရန်ကုန်မိုးမိုးရွာတဲ့​ ​နေ့ကောက်ရိုးတစ်မျှင်နန်းကျဘုရင်အကြည်ဓာတ်နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်ပျော်မောသူဘဲမေမေကြီးနဲ့ ဥလေးများ