Author's Profile Photo

benji

8/11/2024

အပျိုကြီး

1 min read
Poetry
Creative

ဟိုဘက်အိမ်က
အပျိုကြီးရေ
မေကြီးပြောတာ
လာပါအုန်းတဲ့။
ဘာဘာညာညာ
လာကူလုပ်ရင်း
စင်းကြော်ငါးအား
စားသွားအုန်းတဲ့။
သူ့အကြောင်းငါ
အာတင်းပြောရင်း
ဟင်းချိုလေးကျက်
ချက်ထားတယ်တဲ့။
ရှေးဟောင်းနှောင်းဖြစ်
ဖြစ်ရပ်များလည်း
စည်းပြင်ကမ်းလွတ်
တွတ်ထိုးမယ်တဲ့။
ပျိုကြီးကိုအား
အားမနာဘဲ
ဘဲရပြီးလား
သားနောက်လာတဲ့။
ပျိုကြီးဘဝ
သနားစရာ
ဟာကွက်ကြီးက
အတော်ဆိုးတဲ့။
ဒါကြောင့်မို့ရယ်
မယ်ပျိုးကြီးက
အထီးကျန်ကာ
လာဦးမယ်တဲ့။

Keep Reading

လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်လေနှင်ရာနန်းကျဘုရင်ခင့်ဝါဒီ