SarPhat User
အချစ်ဆိုတာဟာ
လက်ခံရသူအတွက်တော့
ချိုမြိန်နေမှာပါ။
ပေးဆပ်ရသူအတွက်တော့
ကိုယ်ပိုင် ငရဲတစ်ခုပါပဲ
ခင်ဘုန်းသက်ဝေ။
အသွားအပြန်မရှိတဲ့ မေတ္တာလမ်း၊
တို့တွေ လျှောက်ခဲ့ကြတယ်
ဖြတ်မျဉ်းနှစ်ကြောင်းလို
ဘယ်လိုမှမဆုံနိုင်လို့ပါ
ခင်ဘုန်းသက်ဝေ။
ပြက္ခဒိန်က နေ့ရက်တွေ
တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ
ကုန်ကာသွားခဲ့တယ်၊
မင်းပြန်ချစ်မဲ့ ရက်ကိုမတွေ့လို့ပါ
ခင်ဘုန်းသက်ဝေ။
ကဗျာတွေကို
နာကျည်းစွာ ရေးစပ်မယ်။
ရွှေသလွန်ထက်က မောင့်ခင်ကညာ
ကောင်းကောင်းစက်တော်ခေါ်နိုင်ရန်အတွက်ပါ။
သံယောဉ်ဇဉ်ကြိုးကို ဖြတ်က
စောင်းကြိုးကလေးသီပေးပါ့မယ်။
ဝမ်းနည်းခြင်းသံစဉ်ကို မင်းအတွက်သီကျူးပေးပါ့မယ်၊
ခင်ဘုန်းသက်ဝေ။
မောင်တုတ်#
၈.၁၁.၂၀၂၄
Keep Reading