Author's Profile Photo

Moe Khatt Nwe

7/11/2024

ကဗျာ

1 min read
Poetry




မိသားစုအပူချိန်
- - - - - - - - - - - - -

ခေတ်ကြီးကိုဘီးတပ်ပေးချင်တယ်
အေးချမ်းမှုကိုဆင်ဆာဖြတ်တော့
မဟူရာညနက်တွေဟာဒုက္ခနဲ့အတူအိမ်ထဲဝင်လာပြီ
အန္တရာယ်ဟာအမေ့ပါးမှာစိုတဲ့မျက်ရည်လောက်
သိပ်အရေးမကြီးခဲ့ဘူး
သောကတွေ နေလိုပူတော့
ဆင်းရဲခြင်းဟာ ပညာရေးကိုမဲ့ပြတယ်
အဆိုးရွားဆုံးရက်ရာဇာကိုပွေ့ပိုက်ထားရင်း
ကျောင်းတက်ခြင်းကိုငြင်းလိုက်ပြီ
လူရာဝင်ဖို့ငွေလိုတာပေါ့ အဖေ

မနက်ဖြန်တွေကိုမေ့ထားလိုက်ချင်တယ်
ဝတ်ကျေတန်းကျေအပြုံးနဲ့ရှင်သန်ပြီး
မာယာတေးသွားနဲ့ က တဲ့ ကံကြမ္မာမှာ
အောက်ဖဲတွေ တစ်ချပ်ပြီးတစ်ချပ်
အစွယ်ဖွေးဖွေးသွားတွေရဲ့ နူးညံ့မှုဟာ
ဝမ်းရေးကိုအရိုင်းဆန်ဆန်မျှားခေါ်နေကြ

လောက်ဗေဒရဲ့ ချုပ်ရိုးပွင့်မျက်နှာဖုံးတွေကြား
မုသားမိတ်ကပ်တွေကအရောင်ပိုတောက်
ချို့တဲ့နေကျမိသားစုထမင်းဝိုင်းမှာထိုင်ရင်း
အဖေလမ်းလျှောက်သ

"ခြေလှမ်းတိုင်းရဲ့ ပဲ့ကိုင်ရှင်ဖေဖေ"ခင့်ထံ ပေးစာဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"

Unlock to read this premium article with 10 points.