Author's Profile Photo

Infeno

7/11/2024

"ဒါဟာ"

1 min read
Poetry
18 Again
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ

သိပ္ပံအလှကုန်တွေနဲ့
နိဗ္ဗန် မကြွချင်တဲ့
စိတ်ပန် လှသော
အတိတ် သဏ္ဍာန်က
ခြေလှမ်းများ

ကိုယ့်မှာတော့...
ဟိတ်ဟန်မပြရုံတမယ်
ဒိတ်သံ တဒုတ်ဒုတ်နဲ့
သရုပ်မှန် မကွဲခဲ့ရသူမို့

ဒီခြေလှမ်းတွေ
စိတ်ထဲ စလှမ်း​လျှောက်လာတာ
ဘယ်အချိန်ကပါလိမ့်

သြော်...
အကြောင်းကို အရင်းပြု
အဟောင်းကို စာရင်းစုထားမိရာက
ဖြစ်လာတဲ့ အလွမ်းခြစ်ရာဗလပွနဲ့
အကြမ်းစာရွက် တစ်ရွက် မျှသာသာ ။

#အင်ဖီနို
7.11.24Thu

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်